Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်တရုတ်မှပြန်လာပြီး နောက်​​​နေ့တွင် စစ်​ကောင်စီက မိုးကုတ်မြို့ကိုဗုံးကြဲ

ဗုံးကြဲခံရမှု​ကြောင့် ​နေအိမ် အ​ဆောက်အအုံအချို့ပျက်စီး​နေသည်ကိုလည်း ​ဒေသခံများကလူမှုကွန်ယက်တင်ထား​သောသတင်းဓါတ်ပုံများ၌ ​တွေ့ရသည်။

(စစ်​ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက်ညတွင် ဗုံးကြဲမှု​ကြောင့် မိုးကုတ်မြို့၌ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက်ညတွင် ဗုံးကြဲမှု​ကြောင့် မိုးကုတ်မြို့၌ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ကနဦးသတင်းအရ ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးပြီး ၄ ဦးဒဏ်ရာရ

အိမ်သွင်/People’s Spring

စစ်ရေးအခြေအ‌နေငြိမ်သက်နေပြီး ဒေသခံများ ပြန်လည်အခြေချနေထိုင်နေသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယမန်နေ့(နိုဝင်ဘာလ ၁၁ရက်) ညတွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် ​ဒေသခံပြည်သူများသေဆုံး ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုမှုများ ရှိခဲ့သည်။

အာဏာသိမ်း​​ခေါင်း​ဆောင် တရုတ်နိုင်ငံမှ ပြန်လာပြီး​နောက်​နေ့ တွင် စစ်​ကောင်စီက မိုးကုတ်မြို့ ၊လယ်ဦးရပ်ကွက်အပါအဝင် မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်း သုံးနေရာကို ည ၁၁နာရီ ဝန်းကျင်တွင် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခြင်းဟု မြို့ခံအချို့ကပြောသည်။

“လယ်ဦးနဲ့ လူးထဘက်ကို ချတာ။ကျောက်အရောင်းအဝယ်လုပ်တဲ့ နေရာတွေကိုပါ ချတာ။ သိရသလောက် သုံးဦးသေဆုံးတယ်။ ဒဏ်ရာရတာ လေးဦး။ အိမ်တွေပျက်စီးတာများတယ်။ ဒါပေမယ့် ဆက်သွယ်ရေးပြဿနာကြောင့် ကျတော်တို့မှာက တဆင့်စကားနဲ့ လိုက်မေးနေရတယ်” ဟုမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရမှု​ကြောင့် ​နေအိမ် အ​ဆောက်အအုံအချို့ပျက်စီး​နေသည်ကိုလည်း ​ဒေသခံများကလူမှုကွန်ယက်တင်ထား​သောသတင်းဓါတ်ပုံများ၌ ​တွေ့ရသည်။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) ၊ မိုးကုတ်PDF၊ မန္တ​လေး PDFနှင့် မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ရက်တွင်အပြီးသတ်သိမ်းပိုက်ခဲ့သည်။ မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။

TNLA က တပိုင်တနိုင်​ ကျောက်မျက်ရတနာတူး​ဖော်မှုများကို ခွင့်ပြု​ပေးပြီး ၊စစ်တပ်နှင့်နီးစပ်​သောလုပ်ငန်းရှင်များ ၊ကုမ္ပဏီများ၏ လုပ်ကွက်ကြီးများကိုမူပိတ်သိမ်းခဲ့သည်။ ​ကျောက်မျက်လုပ်ကွက်ကြီးများကို TNLA က မူဝါဒချမှတ်ပြီးမှစနစ်တကျလုပ်ကိုင်ခွင့်ပြုမည်ဟု​ပြောကြားထားသည်။

“မြို့မှာပြန်စည်ကားပြီး ပုံမှန်လည်ပတ်အောင်စောင့်ပြီးမှ ပြန်ဖျက်ဆီးချင်တာဖြစ်နိုင်တယ်။ နောက်ပြီးတရုတ်နဲ့ ဘာတွေညှိနှိုင်းခဲ့လည်းမှမသိဘူး။ ဒီနေရာက တကယ့်အဖိုးတန်နေရာဆိုတော့ စစ်ကောင်စီဘက်က မစားရတဲ့အမဲသဲနဲ့ပက်ပြီး ယုတ်မာမှာပါ။ တော်လှန်ရေးအဖွဲ့တွေကို မေးခွန်းထုတ်လိုက်တာပါပဲ” ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်​သော​ကျော်စိုးဦး၏ People’s Media တွင် နိုဝင်ဘာ ၈ ရက်၌ မိုးကုတ်မြို့တွင် ​ကျောက်မျက်တူး​ဖော်​မှုကို အများအပြားတူး​ဖော်​နေ​ကြောင်း​ဖော်ပြပြီး မှတ်ချက်များတွင်ဗုံးကြဲရန် လှုံ့​ဆော်​ရေးသားခဲ့ကြသည်ကို​တွေ့ရသည်။ဗုံးကြဲပြီး​နောက်လည်း ​တော်လှန်​ရေး တပ်ဖွဲ့များစုဖွဲ့ရာ​နေရာကိုဗုံးကြဲခြင်းဖြစ်သည်ဟု ဝါဒဖြန့်​ရေးသား​နေကြသည်။

(စစ်​ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက်ညတွင် ဗုံးကြဲမှု​ကြောင့် မိုးကုတ်မြို့၌ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက်ညတွင် ဗုံးကြဲမှု​ကြောင့် မိုးကုတ်မြို့၌ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တိုက်ပွဲများဖြစ်ပွားစဉ်ကတိမ်းရှောင်ခဲ့သည့်ဒေသခံများသည် မိုးကုတ်မြို့၌ပြန်လည်အခြေချလာပြီး စည်ကားလာချိန်တွင်စစ်ကောင်စီက လေကြောင်းမှတကြော့ပြန်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်၍ မြို့ခံများစိတ်ပူနေကြသည်။

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလ၁၀ရက်နေ့တွင် တရုတ်နိုင်ငံမှ ​နေပြည်​တော်သို့ပြန်ရောက်ရှိလာပြီး နောက်တစ်နေ့၌ စစ်ကောင်စီက မိုးကုတ်မြို့ကိုဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

မိုးကုတ်မြို့ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ TNLAနှင့် မိုးကုတ်ဗျူဟာက သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ သေဆုံးမှုများ၊ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ဗုံးကြဲ စစ်သင်္ဘောနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်လူငယ် ၁ဦး သေဆုံးသွားခဲ့ပါတယ်။

Facebook