Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် သရုပ်ဆောင်ရန်အောင်၏နေအိမ် ဖောက်ခွဲသတိပေးခံရ

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)
(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)

သုည/People’s Spring

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ စစ်ကောင်စီကို ထောက်ခံအားပေးနေသော အနုပညာရှင်အမည်ခံ ရန်အောင်၏ နေအိမ်ကို ယနေ့(နိုဝင်ဘာ ၁၄ရက်)နေ့လည် ၁၂နာရီ ၄၅မိနစ်က ပြင်းအားပျော့မိုင်း အသုံးပြု၍ ဖောက်ခွဲသတိပေးတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ရန်အောင်သည် ပြည်သူများအား နေ့စဉ်ဒုက္ခပေးနေသော စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဖြစ်ကြောင်း သတင်းနှင့် Social Media များပေါ်တွင် ထင်ရှားစွာ မြင်တွေ့ရသည့်အတွက် ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ရန်အောင်၏ နေအိမ်ကို ပြင်းအားပျော့မိုင်း အသုံးပြု၍ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ဆိုသည်။

(ဓာတ်ပုံ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)
(ဓာတ်ပုံ – အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုနေသည့် ရန်အောင်အား တွေ့ရစဉ်)

“နေ့လည်က ဘောက်ထော်ဘက်မှာ ဗုံးပေါက်တယ်လို့တော့ ကြားတယ်။ ရန်အောင်အိမ်လို့တော့ ပြောကြပေမယ့် ကျွန်တော်တို့ သေချာမသိပါဘူး။ ပေါက်တာကတော့ မြရတနာလမ်းဘက်မှာပါ။ ဗုံးပေါက်သံတော့ သေချာမကြားလိုက်မိဘူး။ ဘောက်ထော်ဘက်ကို စစ်ကား၊ ရဲကားတွေ တောက်လျှောက်သွားနေတာတော့ တွေ့နေရပါတယ်”ဟု ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရန်အောင်အပြင် ကျန်ရှိအနုပညာရှင်များကိုလည်း သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ နှင့် ပတ်သက်သော နေရာများ၊ စစ်ကောင်စီ လက်အောက်ခံ ရဲ၊ စစ်သားနှင့် ပျူစောထီးများ စုဝေးရာနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာကြရန်လည်း မြို့ပြပြောက်ကြားအဖွဲ့များ မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံမှ ပြန်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်အောင်အပါအဝင် ယုန်လေး၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ ဒိန်းဒေါင်၊ဇင်ယော်မောင်မောင်အစရှိသည့် စစ်ကောင်စီအားပေးသူ အနုပညာရှင်များ သွားရောက်ကြိုဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။