Connect with us

Hi, what are you looking for?

သတင်း

ရန်ကင်းမြို့နယ်ရှိ တိုင်းရဲတပ်ဖွဲ့အိမ်ရာဝင်းအား ဗုံးခွဲတိုက်ခိုက်

မတ်လ ၂၀ ရက် နေ့လည်တွင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအတွင်းသို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌AST -MDYက ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများအား စစ်ကောင်စီလက်ပါးစေရဲများက ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများအား စစ်ကောင်စီလက်ပါးစေရဲများက ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးလည်းဗုံးခွဲတိုက်ခိုက်

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တိုင်းရဲတပ်ဖွဲ့အိမ်ရာဝင်းအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)မှတာဝန်ရှိသူက ပြောသည်။

ယင်းစစ်ဆင်ရေးကို မတ်လ ၂၀ ရက် ည ၉ နာရီခွဲခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့် Anonymous Fighters Force ( AFF ) Yangon Underground Force (YUF) ၊Emerald Girls Army (EGA )တို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အဲဒီ့နေရာက ခ(စစ်ကောင်စီ)ပတ်လည်ဆိုတော့ အထိအခိုက်တော့ မစုံစမ်းခဲ့ရဘူး။ပေါက်ကွဲပြီးတော့ မီးဖြတ်လိုက်တယ်ကြားတယ်”ဟု FLA မှတာဝန်ရှိသူက ပြောသည်။

တပ်ဖွဲ့ဝင်များအားလုံး​ဘေးကင်း​ကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့များ နှင့် ၎င်းတို့၏အနီးပတ်ဝန်းကျင်ကိုသွားလာခြင်း၊ စစ်တပ်တပ်စွဲထားသည့်နေရာများအပါအဝင် စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းများကို အတတ်နိုင်ဆုံးရှောင်ရှားသွားလာရန် FLA ကသတိပေးထားသည်။

သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ပြည်သူများကို FLA မှတာဝန်ရှိသူက “သင်္ကြန်ကတော့ မြန်မာ့ရိုးရာအချိန်အခါမို့ မတားရက်ပေမဲ့ ဂရုတစိုက်နဲ့ တော်လှန်ရေးကာလဆိုတာလေးကို စိတ်ထဲမှတ်ပြီး ပျော်ပေးကြစေချင်တယ်။ ပြီးတော့ စစ်ကောင်စီရဲ့ သတ်ကွင်းတွေရှိလာနိင်လို့ ဂရုလည်း စိုက်ကြစေချင်သလို အညာဒေသတွေလည်း ထိုးစစ်ဆင်ခံနေရသတ်ဖြတ်ခံရ အိမ်တွေမီးရှို့ခံရဆိုတော့သူတို့ကိုလည်း ကိုယ်ချင်းစာပေးဖို့ကို တောင်းဆိုချင်ပါတယ်”ဟု မေတ္တာရပ်ခံသည်။

FLA အဖွဲ့အနေဖြင့် ပြီးခဲ့သည့်ရက်ကလည်း မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား ဗုံးခွဲတိုက်ခိုက် ခဲ့ရာ ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိကြောင်း အောင်စည်တော်စစ်ဆင်ရေး မန္တလေး(AST-MDY)က အသိပေးထားသည်။

မတ်လ ၂၀ ရက် နေ့လည်တွင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအတွင်းသို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ဒုဦးစီးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌AST -MDYက ထုတ်ပြန်ထားသည်။

အဆိုပါရုံးသည် မန္တလေးတိုင်းအတွင်းရှိ ယာဉ် များအားလုံးအတွက် အခွန်အခများ ပြည်သူများထံမှ အတင်းအဓမ္မပေးဆောင်စေကာ စစ်ကောင်စီကို ထောက်ပံ့နေသော လုပ်ငန်းယန္တရားဖြစ် သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။