Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့တိုက်ပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်နေ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေ

နိုဝင်ဘာ ၁၁ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ရကြောင်း ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံပြည်သူထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေသည်။

နိုဝင်ဘာ ၁၁ရက်က စတင်ခဲ့သည့် ပုလဲမြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် MI35 ဖြင့် အချိန်တစ်နာရီကျော်ကြာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၁၁ နာရီ မိနစ် ၅၀ခန့်တွင်လည်း တံတားဦး‌လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ပြောသည်။

(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပုလဲမြို့ပေါ်နှင့် အနီးရှိ ကျေးရွာများဖြစ်သော အလယ်ဘုံ၊အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မန်းကျီးခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း၊ ရိုး အစရှိသည့် ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၂,၁၀၀ကျော်မှ ပြည်သူ ၉,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေတဲ့အတွက် ပုလဲမြို့အနီးနားမှ ကျေးရွာများထပ်မံတိမ်းရှောင်ရဖွယ်ရှိပြီး အရေးပေါ်စစ်ရှောင်ဦးရေလည်း ထပ်မံများပြားလာဖွယ် ရှိပါတယ်။” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)က ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၁၁ ရက် နံနက်ကစ၍ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ယမန်နေ့က ပြောထားသည်။

(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အနည်းဆုံး၁၀ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

နိုဝင်ဘာ ၁၁ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ရကြောင်း ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပုလဲမြို့ကို ကာ​ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။