Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ

ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

(မင်းတပ် CDFမှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ် CDFမှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)

◾️မြို့သိမ်းစစ်ဆင်ရေးအတွက် တောင်ဇလပ်မြေရန်ပုံငွေရှာဖွေရေး ပြည်သူများဝိုင်းဝန်းပါဝင်ပေးရန် CDF တိုက်တွန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)ပါဝင်သည့် ချင်းညီနောင် မဟာမိတ်တပ်များကဆင်နွှဲလျက်ရှိရာ ယမန်နေ့ညနှင့် ယနေ့ (နိုဝင်ဘာ ၁၇ရက်)တွင် တိုက်ပွဲဆက်ပြင်းထန်နေကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

“တိုက်ပွဲတွေကတော့ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတယ်။ လေကြောင်းကတော့ အခု ပြောနေတဲ့အချိန်မှာတောင် တောက်လျှောက်လေကြောင်းက ရှိတယ်။မနေ့က ဆိုလည်း တညလုံးလိုလိုအပြင်းအထန် တိုက်ပွဲတွေရှိတယ်။ လေကြောင်းတိုက်ခိုက်နေတယ်”ဟု CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ကမင်းတပ်မြို့စစ်ရေး အခြေအနေအကျဉ်းကို ယနေ့ ပြောပြသည်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးကလည်း မင်းတပ်မြို့အခြေအနေကို အသိပေးထားရာ ယနေ့ နိုဝင်ဘာ ၁၇ရက် မနက်တွင် မင်းတပ်မြို့ပေါ်နေရာများကို Y-12 ဗုံးကြဲလေယာဥ်မှ ဗုံးများကြဲချတိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။ ဗုံးအလုံး ၅၀ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ်အချို့ ပျက်စီးမှုရှိသည်ဟုလည်းဖော်ပြသည်။ ထို့ပြင် ခလရ(၂၇၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုနေအိမ်အချို့ကိုဆက်လက်မီးရှို့နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ် တိုက်ပွဲစတင်ချိန်ကတည်းက မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

မင်းတပ်မြို့ပေါ်၌ တိုက်ပွဲများ ဆက်တိုက်ရှိနေသည့်နည်းတူ မြေပြင်၌လိုအပ်ချက်များ ရှိနေကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ထို့ကြောင့် လက်ရှိ မင်းတပ်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွက် ရည်ရွယ်ပြုလုပ်နေသည့် တောင်ဇလပ်မြေ ရန်ပုံငွေ ရှာဖွေရေးလှုပ်ရှားမှု၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

CDF မင်းတပ်၏ ရန်ပုံငွေရှာဖွေရေးကော်မတီသည် မင်းတပ်မှ မြေကွက် ၂ကွက်၊ထီးလင်းမြို့အနီး မြေကွက် ၁ကွက် ကို ကံစမ်းမဲ အဖြစ်ရောင်းချသည့် တောင်ဇလပ်မြေ Campaign ကို နိုဝင်ဘာ ၁ရက်မှ ၃၀ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေရှာဖွေမှုမှ ရရှိငွေအားလုံးကို မင်းတပ်မြို့ ပြန်လည်သိမ်းယူနိုင်ရေး ဖော်ဆောင်သည့်စစ်ဆင်ရေး၌ အသုံးပြုမည်ဖြစ်ကြောင်း CDF မင်းတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။