Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့တိုက်ပွဲ ၃ရက်မြောက်နေ့ ဆက်ပြင်းထန် နေဟု မြို့နယ်ပအဖ ပြော

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်က မင်းတပ်မြို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့်အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(စစ်ကောင်စီတပ်က မင်းတပ်မြို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့်အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ တပ်အကြား တိုက်ပွဲဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်လျက်ရှိဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

မင်းတပ်မြို့နယ်တွင် နိုဝင်ဘာ ၉ရက်ကစ၍ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ (နိုဝင်ဘာ ၁၁ရက်)အထိ သုံးရက်ဆက်တိုက်ပွဲ ဆက်ရှိနေခြင်းဖြစ်သည်။

” ဒီနေ့လည်း ထိတွေ့မှုတွေ တောက်လျှောက်ဖြစ်နေပါတယ်။ လေယာဉ်နဲ့လာဗုံးကြဲတာလည်း တောက်လျှောက်ရှိနေပါတယ်”ဟု ဆလိုင်းယောမာန်က ပြောသည်။ တိုက်ပွဲ အခြေအနေ အသေးစိတ်ကို ပြောပြခြင်းမရှိသေးသကဲ့သို့ ချင်းညီနောင်နှင့်ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(မင်းတပ်)က တိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

မင်းတပ် ဒေသခံတစ်ဦးကလည်း လက်နက်ကြီးသံများကြားရကြောင်း ယနေ့ စစ်ရေး အခြေအနေကို ပြောသည်။

ထို့ပြင် ယနေ့တွင် စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် မင်းတပ်မြို့ပေါ် နေရာများသို့ ဝဲပျံပြီး ဗုံးများကြဲချခဲ့သည်ဟုလည်း မင်းတပ်ဒေသခံက လူမှုကွန်ရက်၌ ရေးသားထားသည်။

စစ်ကောင်စီတပ်သည် ယခုဖြစ်ပွားနေသည့် မင်းတပ်တိုက်ပွဲအတွင်း လေကြောင်းပစ်ကူအပြင် လက်နက်ကြီး၊ တာဝေးပစ်ဒုံးနှင့် ဒရုန်းများ အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ပြင် လေယာဉ်ဖြင့် မင်းတပ် ခလရ(၂၇၄)တပ်ရင်းသို့ ခဲယမ်းရိက္ခာများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံက အသိပေးသည်။

မင်းတပ်မြို့တိုက်ပွဲနှင့်ပတ်သက်ပြီး ချင်းညီနောင်က သတင်းထုတ်ပြန်ရန်ရှိသည်ဟု သိရသော်လည်း တိုက်ပွဲ ၃ရက်မြောက်နေ့အထိ ထုတ်ပြန်မှု မပြုသေးပေ။

ချင်းညီနောင်သည် အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နှင့် မတူပီ မြို့တိုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook