Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ​တော်လှန်​ရေးအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

(တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အပြင်မှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အပြင်မှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

သတိုး / People’s Spring

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပကဖ မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ အထဲထိပစ်ထည့်တာ ။ နှစ်လုံးကွဲတယ်။ အထိအ ခိုက် ရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ အချိန်တွင်စစ်​ကောင်စီရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်အားလုံး ဘေးကင်းရာသို့ရောက်ပြီဖြစ်ကြောင်း ၎င်းကဆက်​ပြော

Public Service Announcement

Public Service Announcement

သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်အတွင်းက အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် ငွေတောင် စားသောက်ဆိုင် ဝန်ထမ်းများ၏ ဖမ်းဆီးသတ်ဖြတ်မှုခံခဲ့ရသော ရဲဘော် ချောကလက် (ခ)သာဒင် အတွက် လက်စားချေသည့် အနေဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။