Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီး ဗုံးပေါက်

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းနှင့်သုမင်္ဂလာလမ်းထောင့် ကေတုမာလာကွေ့ မြို့နယ်လျှပ်စစ်ရုံး (မီတာရုံး)အနီး ယမန်နေ့ (အောက်တိုဘာ ၁)ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။

“ည ၉ နာရီလောက်က ကေတုမာလာကွေ့နားမှာ ဗုံးပေါက်သံ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ မီတာရုံးနားမှာ ဗုံးပေါက်တာလို့တော့ ပြောကြတယ်။ ရဲကား၊ စစ်ကားတွေ အများကြီး သုမင်္ဂလာလမ်းဘက်ကို သွားနေတာတော့ တွေ့လိုက်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းပေါ်တို့တွင် စစ်ကားနှစ်စီးလမ်းပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။ပေါက်ကွဲမှု​ကြောင့် ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိရ​​သေးပါ။

Public Service Announcement
Public Service Announcement

အဆိုပါ တောင်ဥက္ကလာပမြို့နယ် မီတာရုံးသည် ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီနှင့် သြဂုတ်လအတွင်းကလည်း နှစ်ကြိမ်ခန့် ဗုံးပေါက်ကွဲခဲ့သေးသည်။ ​

Public Service Announcement

Public Service Announcement

ထို့အပြင် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ် အစပ်တွင် ယမန်​နေ့ညက ဗုံး​ပေါက်ကွဲသံကိုကြားပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များလာသွား​ကြောင်း ပြည်သူအချို့က​ပြောသည်။အလားတူ ​ရွှေပြည်သာမြို့နယ်တွင်လည်း​​ယမန်​နေ့ညက ​ပေါက်ကွဲသံကြား​ကြောင်း ​ဒေသခံ ပြည်သူအချို့က​ပြောသည်။

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စော်ဘွားကြီးကုန်း ပန်းခြံအနီးနှင့် အင်းစိန်လမ်းမတလျောက်တို့တွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ လှည့်ပတ်စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။

သတင်း

မူဆယ်မြို့ စက်မှုဇုန်ရှိ အာနိုးကားဝပ်ရှော့တွင် ပြင်ဆင်ရန် ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

သတင်း

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ရွှေဆိုင်ဧည့်ကြိုဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ရပ်နားရာနေရာ အစောင့်ဝန်ထမ်း တွေပါတယ်လို့သိရပါတယ်။