Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီး ဗုံးပေါက်

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် မီတာရုံး (ပုံအဟောင်း)-ဓါတ်ပုံ-CJ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းနှင့်သုမင်္ဂလာလမ်းထောင့် ကေတုမာလာကွေ့ မြို့နယ်လျှပ်စစ်ရုံး (မီတာရုံး)အနီး ယမန်နေ့ (အောက်တိုဘာ ၁)ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။

“ည ၉ နာရီလောက်က ကေတုမာလာကွေ့နားမှာ ဗုံးပေါက်သံ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ မီတာရုံးနားမှာ ဗုံးပေါက်တာလို့တော့ ပြောကြတယ်။ ရဲကား၊ စစ်ကားတွေ အများကြီး သုမင်္ဂလာလမ်းဘက်ကို သွားနေတာတော့ တွေ့လိုက်တယ်” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းပေါ်တို့တွင် စစ်ကားနှစ်စီးလမ်းပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။ပေါက်ကွဲမှု​ကြောင့် ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကိုမူ မသိရ​​သေးပါ။

Public Service Announcement
Public Service Announcement

အဆိုပါ တောင်ဥက္ကလာပမြို့နယ် မီတာရုံးသည် ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီနှင့် သြဂုတ်လအတွင်းကလည်း နှစ်ကြိမ်ခန့် ဗုံးပေါက်ကွဲခဲ့သေးသည်။ ​

Public Service Announcement

Public Service Announcement

ထို့အပြင် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ် အစပ်တွင် ယမန်​နေ့ညက ဗုံး​ပေါက်ကွဲသံကိုကြားပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များလာသွား​ကြောင်း ပြည်သူအချို့က​ပြောသည်။အလားတူ ​ရွှေပြည်သာမြို့နယ်တွင်လည်း​​ယမန်​နေ့ညက ​ပေါက်ကွဲသံကြား​ကြောင်း ​ဒေသခံ ပြည်သူအချို့က​ပြောသည်။

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။