Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ စစ်ကောင်စီကင်းစင်ရန် ပိုနီးစပ်လာဟု CDF ပြော

ချင်းညီနောင် အပါအဝင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မည်သည့် ကာကွယ်ရေးတပ်ဖွဲ့ကိုမဆို ပြည်သူများ ၀ိုင်းရံပံ့ပိုးကူညီပေးရန် တိုက်တွန်းလိုကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

(မင်းတပ်မြို့ကို နိုတင်ဘာ ၂၃ရက်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မင်းတပ်မြို့ကို နိုတင်ဘာ ၂၃ရက်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မြို့သိမ်းတိုက်ပွဲ လဝက်ကျော်ကြာ ပြင်းထန်နေပြီး မြေပြင်လိုအပ်ချက်ပိုကြီးမားလာ၍ ပြည်သူများဝိုင်းဝန်းအားဖြည့်ရန် တိုက်တွန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့၌ စစ်ကောင်စီ ကင်းစင်ရန် ရည်မှန်းချက်အတွက် မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်လျက်ရှိရာ အောင်မြင်မှုများရရှိနေပြီး ရည်မှန်းချက် ပြည့်ရန် ယခင်ထက်ပိုနီးစပ်လာနေပြီဟု မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်က နိုဝင်ဘာ ၉ရက်မှ စတင်ဖော်ဆောင်လျက်ရှိရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ မင်းတပ်မြို့တွင် လဝက်ကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်များ အသုံးပြုပြီး အကြိမ်ကြိမ် လေကြောင်း ပစ်ကူပေးခုခံလျက်ရှိသည်။

” မင်းတပ်ကို စကစတွေကင်းစင်သွားဖို့ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဖို့ အရင်ကထက် ရည်မှန်းချက်တွေ နီးစပ်လာတယ်။ တခုရှိတာက တိုက်ပွဲဖော်ဆောင်တိုင်း လိုအပ်ချက်ကတော့ တိုက်ပွဲကြာလာတာနဲ့အမျှ မြေပြင်မှာလိုအပ်ချက် ပိုကြီးလာတယ်။ လူထုတွေဝိုင်းရံဖို့ အရေးကြီးတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းညီနောင် စစ်ဆင်ရေးကို မင်းတပ်နှင့် ဖလမ်းမြို့၌ ပြုလုပ်လျက်ရှိရာ စစ်ဆင်ရေးအောင်မြင်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထုများ၏ ယုံကြည်အားကိုးမှု ပံ့ပိုးကူညီမှုသည် များစွာ အရေးပါသည်ဟု ၎င်းက ဆိုသည်။

ချင်းညီနောင် အပါအဝင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မည်သည့် ကာကွယ်ရေးတပ်ဖွဲ့ကိုမဆို ပြည်သူများ ၀ိုင်းရံပံ့ပိုးကူညီပေးရန် တိုက်တွန်းလိုကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“ပြင်းပြင်းထန်ထန် ကြိုးစားနေတယ်။ အသက်ပေးပြီး ရဲဘော်တွေက အစွမ်းကုန် ကြိုးစားနေတယ်။” ဟု ဆလိုင်းဟာအွမ်က မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှု အခြေအနေကို ကို ပြောပြသည်။

စစ်ကောင်စီက မြေပြင်ထိုးစစ် မလာနိုင်သော်လည်း လေကြောင်း တိုက်ခိုက်မှုကို နေ့ည မပြတ် ပြုလုပ်ကာ ခုခံနေသည်ဟု ဆိုသည်။

တိုက်ပွဲကြာလာသည်နှင့်အမျှ မြေပြင်လိုအပ်ချက်များအတွက် CDF မင်းတပ် ရန်ပုံငွေရှာဖွေရေးကော်မတီက ဆောင်ရွက်နေသည့် တောင်ဇလပ်မြေ ကန်ပိန်းတွင် ပြည်သူများက ကံစမ်းမဲ ဝယ်ယူပြီးမြို့သိမ်းစစ်ဆင်ရေးအတွက် ပံ့ပိုးပေးရန် ဆလိုင်းဟာအွမ်က တိုက်တွန်းသည်။

ကံစမ်းမဲကာလကို နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိ ပြုလုပ်မည်ဖြစ်ရာ သတ်မှတ်ထားသည့် ရည်မှန်းချက်ကိုရောက်ရှိရန် ရာခိုင်နှုန်းအားဖြင့်လိုအပ်နေသေးကြောင်း ၎င်းကဆိုသည်။ အဆိုပါ ကမ်ပိန်းမှ ရရှိသည် ရန်ပုံငွေအားလုံးကို မြို့သိမ်းစစ်ဆင်ရေးတွင် အသုံးပြုမည်ဟု CDF မင်းတပ်က အသိပေးထားသည်။

ယခု ကံစမ်းမဲဖောက်ပေးမည့် မြေများသည် တော်လှန်ရေး၌ ကိုယ်တိုင်ပါဝင်နေသူများ၏ မိဘများက မြေကို လှူဒါန်းထားခြင်းဖြစ်ကြောင်း အသိပေးသည်။

“တော်လှန်ရေးနဲ့ကြည့်မယ် မျိုးချစ်စိတ်ဓာတ်နဲ့ကြည့်မယ်ဆိုရင် အရမ်းတန်ဖိုးရှိမယ်။ သိပ်ကိုပေါ်လွင်စေမယ်”ဟု ဆလိုင်းဟာအွမ်က ပြောပြသည်။

တောင်ဇလပ်မြေ ကမ်ပိန်းမှ ကံစမ်းမဲပေါက်သူများကို ဆုအဖြစ်မြေကွက်များ ပေးအပ်သွားမည် ဖြစ်ရာ မင်းတပ်မြို့မှ မြေကွက် ၂ကွက်၊ထီးလင်းမြို့မှ မြေကွက် ၁ကွက် ပေးအပ်မည်ဖြစ်သည်။

မဲပေါက်၍ မြေကွက်မယူချင်သူများကို မြေကွက် ပေါက်စျေးနှင့် ညီမျှသည့် ငွေကြေးတန်ဖိုးပေးအပ်မည်ဟု CDF မင်းတပ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။