Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ပြည်သူများ၏နေအိမ်များကိုမီးရှို့၍ ပစ်ကွင်းရှင်း

စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့ဘက်မှ အင်းတော်မြို့အဝင် မြို့ဦးစေတီ နှင့် ယင်းနေရာအနီး ဂျပန်လှိုဏ်ဂူဘုရား၌တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရှိ တိုးချဲ့ကုန်း၊ကြာအင်းအပါအဝင် ရွာသုံးရွာကို ယခုရက်ပိုင်း မီးရှို့ဖျက်စီးနေခြင်းဟု စုံစမ်းသိရသည်။

(အင်း​တော်မြို့သိမ်းတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-ကချင်​တောင်တန်း)
(အင်း​တော်မြို့သိမ်းတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-ကချင်​တောင်တန်း)

အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်နေသည့် အင်းတော်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး၌ အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲထားသည့်နေရာအနီးမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်။

“တိုက်ပွဲက ကိုယ့်ဘက်ကနေ စစ်ရေးဖော်ဆောင်နေတဲ့အနေအထားဖြစ်ပါတယ်။ စစ်ကောင်ဆီက စစ်တပ်ကုန်းမှာနေပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို မြင်ကွင်းရှင်းအောင် မီးပတ်ရှို့နေတယ်။ ဒါက အင်းတော်ရဲ့ လက်ရှိအထိနောက်ဆုံးအခြေအနေဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့ဘက်မှ အင်းတော်မြို့အဝင် မြို့ဦးစေတီ နှင့် ယင်းနေရာအနီး ဂျပန်လှိုဏ်ဂူဘုရား၌တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရှိ တိုးချဲ့ကုန်း၊ကြာအင်းအပါအဝင် ရွာသုံးရွာကို ယခုရက်ပိုင်း မီးရှို့ဖျက်စီးနေခြင်းဟု စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေကတော့ရှောင်နေကြရတာ‌ပေါ့။ စစ်တပ်ကတော့ သူ့နေရာ စီးနင်းခံရမှာကြောက်ပြီး သူတို့ ပတ်ချာလည်ကို မီးရှို့နေတာ။ မြို့ကတော့ မသိမ်းနိုင်သေးပေမယ့် ရလုနီးပြီ” ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုကြောင့် ​ဒေသခံပြည်သူများ၏ ​နေအိမ်များပျက်စီးဆုံးရှုံးမှုအ​ခြေအ​နေ အ​သေးစိပ်ကိုမူ မသိရသေးပေ။အင်းတော်မြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များPDF ၊ပကဖ များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ ဒုတိယအကြိမ်မြို့သိမ်းတိုက်ပွဲထိုးစစ်ကို နိုဝင်ဘာလဆန်းမှ စ၍ ဆက်တိုက်ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

ပထမတကြိမ်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံစစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဂျပန်လှိုဏ်ဂူဘုရားကုန်းတွင် တပ်စွဲပြီး ဒေသခံများကိုဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်ထားရှိခဲ့သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လ နှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတိုတပ်စွဲထားသည့် နေရာ၌ Non CDM ဝန်ထမ်းနှစ်ရာခန့်နှင့် သံဃာတော်အချို့ကို ဓားစားခံအနေဖြင့်ထားပြီး လေကြောင်းပစ်ကူဖြင့် ခုခံနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦ(ကျောင်းသားတပ်မတော် – ABSDF) သည်”ရှေ့သို့အတူ ကျည်ကာလှူ”ဆိုတဲသည့် ရံပုံငွေရှာဖွေးရေး ကမ်ပိန်း လုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီပေးကြရန် အင်းတော်မြို့မှ တော်လှန်ရေးအင်အားစုဖြစ်သည့် Indaw Revolution-IR က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။