Connect with us

Hi, what are you looking for?

သတင်း

လက်ဝှေ့ကျော်စိုးလင်းဦး ကားမှောက်၍ဒဏ်ရာရ

အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။

ဓာတ်ပုံ - စိုးလင်းဦး (ဒို့ရိုးရာ)
ဓာတ်ပုံ - စိုးလင်းဦး (ဒို့ရိုးရာ)

သုည/People’s Spring

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ကရင်ပြည်နယ်တွင် ကားတိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးခဲ့သည်။ သို့သော် ယာဉ်တိမ်းမှောက်သည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိပေ။

“မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်”ဟု စိုးလင်းက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။

“ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့လက်ဝှေ့​​ကျော်စိုးလင်းဦးသည် One Championshipက ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်နေပြီး ပွဲစဥ် (၄)ပွဲ ထိုးသတ်ခဲ့ရာ (၃)ပွဲနိုင် (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မြေနီကုန်းခုံးကျော်တံတားအနီးတွင် ယနေ့ (မတ်လ ၂၇) ည ၁၁နာရီခွဲခန့်တွင် ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားရာ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ ရွှေစာရံလမ်းပိုင်းမှာ မနေ့ (မတ်လ ၁၅ ) ညနေပိုင်း က ကားမှောက်ပြီး ခရီးသည် ၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူအချို့ကပြောပါတယ်။

သတင်း

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

သတင်း

ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။