Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းမှာ ဒိုင်နာကားမှောက်ပြီး ၃ ဦးသေဆုံး၊ ၁၀ ဦးထိခိုက်ဒဏ်ရာရ

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

ရန်ကုန် − မန္တလေးအမြန်လမ်းမှာ မနေ့ ညနေပိုင်း က ဒိုင်နာ ကားတစ်စီး တိမ်းမှောက်ကာ ၃ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။

အမြန်လမ်းရဲ့ ၂၉၆ မိုင် ၆ ဖာလုံမှာ ညနေပိုင်း ၅ နာရီ ၄၀ မိနစ်ခန့်က တိမ်းမှောက်တဲ့သတင်းရတာလို့ မီးသတ်က ဆိုပါတယ်။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဒဏ်ရာရသူ ၁၀ ဦးမှာ အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ရတယ်လို့ မီးသတ်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

မန္တလေးကနေ ဈေးဝယ်ပြန်လာတဲ့ ကားတိမ်းမှောက်တာဖြစ်ပြီး ဒဏ်ရာရသူတွေကို မိတ္တီလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သာယာလူငယ်ပရဟိတအသင်းက စုံစမ်းသိရပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူတွေဟာ ပျော်ဘွယ်မြို့နယ် မင်းတဲရွာကဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနှင့်မဟာမိတ်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးခဲ့သည်။

သတင်း

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။

သတင်း

အဆိုပါ လမ်းပိုင်းများ၊ အထူးသဖြင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းတွင်စစ်ကောင်စီတပ်ကားများသည် ပြည်သူများ၏ အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို အကာအကွယ်ယူကာ သွားလာနေသည်ကို တွေ့ရသည်ဟု ရဲဘော်တင်ဦးက‌ပြောသည်။

သတင်း

နေပြည်တော် - ရန်ကုန်အမြန်လမ်း ၁၆၉ မိုင်အနီးတွင် ယနေ့ (ဇူလိုင်လ ၇ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်ကမိုင်းဆွဲတိုက်ခိုက်တိုက်ခိုက်ခဲ့ပြီး​နောက် လက်နက်ကြီးဖြင့်ပါ