Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ ဒိုင်နာကားမှောက်ပြီး ၃ ဦးသေဆုံး၊ ၁၀ ဦးထိခိုက်ဒဏ်ရာရ

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

ရန်ကုန် − မန္တလေးအမြန်လမ်းမှာ မနေ့ ညနေပိုင်း က ဒိုင်နာ ကားတစ်စီး တိမ်းမှောက်ကာ ၃ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။

အမြန်လမ်းရဲ့ ၂၉၆ မိုင် ၆ ဖာလုံမှာ ညနေပိုင်း ၅ နာရီ ၄၀ မိနစ်ခန့်က တိမ်းမှောက်တဲ့သတင်းရတာလို့ မီးသတ်က ဆိုပါတယ်။

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

ဒဏ်ရာရသူ ၁၀ ဦးမှာ အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ရတယ်လို့ မီးသတ်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − MFSD
ဓာတ်ပုံ − MFSD

မန္တလေးကနေ ဈေးဝယ်ပြန်လာတဲ့ ကားတိမ်းမှောက်တာဖြစ်ပြီး ဒဏ်ရာရသူတွေကို မိတ္တီလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သာယာလူငယ်ပရဟိတအသင်းက စုံစမ်းသိရပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူတွေဟာ ပျော်ဘွယ်မြို့နယ် မင်းတဲရွာကဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။