Connect with us

Hi, what are you looking for?

သတင်း

ရွှေစာရံလမ်းပိုင်း မှာ ကားမှောက်ပြီး ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ ရွှေစာရံလမ်းပိုင်းမှာ မနေ့ (မတ်လ ၁၅ ) ညနေပိုင်း က ကားမှောက်ပြီး ခရီးသည် ၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူအချို့ကပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံလမ်းပိုင်းမှာ မနေ့ (မတ်လ ၁၅ ) ညနေပိုင်း က ကားမှောက်ပြီး ခရီးသည် ၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူအချို့ကပြောပါတယ်။

ပြင်ဦးလွင်ကနေ ပုသိမ်ကြီးမြို့နယ်ထဲက ရွှေစာရံဘုရားပွဲ လာရောက်ပြီး အပြန် စဥ့်ကိုင်နဲ့ပုသိမ်ကြီးမြို့နယ်အစပ် မီးသွေးဖုတ်ကျေးရွာအနီး ၊ဒုဌဝတီတံတားအကျော် တိုးဂိတ်အလွန်မှာ တိမ်းမှောက်တာလို့သိရပါတယ်။

“ရွှေစာရံအပြန် လမ်းမှားလို့ ပြန်ကွေ့တဲ့အချိန်မှာ အရှိန်လွန်ပြီး မြောင်းထဲ ပြုတ်ကြတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိမ်းမှောက်တဲ့ကားဟာ Double Cab 4WD pickup အမျိုးအစားဖြစ်ပြီး ကားပေါ်မှာ ပြင်ဦးလွင်မြို့ ၊ မိုးကြိုးရွာမ ဒေသခံ ၁၃ ဦး လိုက်ပါလာတယ်လို့သိရပါတယ်။

အခင်းဖြစ်ပြီး ဆေးရုံ ရောက်ချိန်မှာပဲ ၅ ဦးသေဆုံးခဲ့ပြီး ည ၁၂ နာရီမှာ အမျိုးသမီး ၁ ဦး ထပ်မံဆုံးပါး ခဲ့ရတယ်လို့ ကူညီရေးကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူက ပြောပါတယ်။

သေဆုံးသူစုစုပေါင်း ၆ ဦးမှာ ကျား ၂ ဦး ၊မ ၄ ဦး ဖြစ်ပြီး သေဆုံးသူတွေထဲ ကလေး ၃ ဦး ပါဝင်တယ်လို့သိရပါတယ်။ ကျန်ရှိတဲ့ ဒဏ်ရာရသူတွေကတော့ မန္တလေးဆေးရုံးကြီးမှာ ကုသမှုခံယူနေရပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ ရွှေစာရံ ဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလပြည့်နေ့က စတင်ကျင်းပလေ့ရှိတာပါ။

ဓာတ်ပုံ – စေတနာမွန်လူမှုရေးအသင်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ Power KTV၌ ယနေ့ (ဧပြီ ၂) ညပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။