Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်ထဲကို စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေနဲ့ စစ်ကောင်စီအင်အားဖြည့်နေ

ကရင်ပြည်နယ်ထဲကို စစ်ကောင်စီက တပ်အင်အားဖြည့်တင်းရာမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သား သစ်တွေ အများအပြားရောက်ရှိလာတယ်လို့ မြေပြင်မှာရှိတဲ့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

စစ်မှုထမ်းတပ်သားသစ်တွေကို စစ်သင်တန်းမှာတွေ့ရပုံ (ဓာတ်ပုံ - စစ်ကောင်စီ)

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်ထဲကို စစ်ကောင်စီက တပ်အင်အားဖြည့်တင်းရာမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သား သစ်တွေ အများအပြားရောက်ရှိလာတယ်လို့ မြေပြင်မှာရှိတဲ့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

KNU တပ်မဟာ (၆) နဲ့ တပ်မဟာ (၇) နယ်မြေတွေ ဖြစ်တဲ့ ကော့ကရိတ်၊ ကျုံဒိုး၊ နဘူးကျေးရွာတွေ ဘက်ဆီ အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က ယာဉ်တန်းတွေနဲ့ အင်အားဖြည့်နေတာလို့ မြေပြင်မှာရှိနေတဲ့ အဲဒီ သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ကားတန်းတွေနဲ့ အများကြီးရောက်လာတယ်၊ ကားထဲမှာ (အင်အား)အပြည့်ပဲ” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာလည်း KNU တပ်မဟာ (၇) နယ်မြေ ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း ၊ မြပတိုင်ကျေးရွာ မှာ KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် စစ်ရေးတင်းမာနေတာပါ။

ဒါအပြင် KNU တပ်မဟာ (၆) နယ်မြေ ၊ မြဝတီမြို့နယ် ၊လေးကေ့ကော်မြို့သစ်အနီးက အမြှောက်ကုန်းကိုလည်းအပြီးသတ်သိမ်းဖို့ KNUပူးပေါင်းတပ်က တိုက်ခိုက်နေချိန်လည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စစ်ကောင်စီတပ်က စစ်သင်တန်း ၃ လဆင်း စစ်မှုထမ်း တပ်သားသစ်တွေကိုကရင်ပြည်နယ် စစ်မြေပြင်ဆီ စေလွှတ်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်း အင်အားစုဆောင်းတွေကိုလုပ်ဆောင်ခဲ့ရာမှာ လက်ရှိ မှာအပတ်စဉ် (၅) ကိုရောက်ရှိနေပါပြီ။

အပတ်စဉ်တစ်ခုကို အင်အား ငါးထောင်ခန့် စုဆောင်းတာကြောင့် လက်ရှိမှာ စစ်ကောင်စီဟာတပ်သားသစ် အင်အားခန့်မှန်းခြေနှစ်သောင်းခွဲ နီးပါး စုဆောင်းရရှိထားပြီးပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။