Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဟု CDFမင်းတပ် ကြွေးကြော်

မင်းတပ်ဒေသ စစ်ရေးအခြေအနေကို ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတဆင့် ရေးသား အသိပေးထားရာ ယနေ့(ဒီဇင်ဘာ ၂ရက်) နံနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ကို လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်၊ Hkl-Mindat)
(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်၊ Hkl-Mindat)

◾️မြို့သိမ်းစစ်ဆင်ရေးရန်ပုံငွေရှာဖွေမှု ရည်မှန်းထားသည်ထက် နှစ်ဆကျော်ရ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို အောင်မြင်အောင်ဆင်နွှဲမည်ဟု မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ပြည်သူများအား အသိပေး ကြေညာသည်။

မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင်ခဲ့ရာ သုံးပတ်ကျော်ကြာသည်အထိ တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်၊ Hkl-Mindat)
(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CDF မင်းတပ်၊ Hkl-Mindat)

မြို့သိမ်းစစ်ဆင်ရေး မစတင်ခင်ကတည်းက အဆိုပါစစ်ဆင်ရေးတွင် အသုံးပြုရန် ရန်ပုံငွေရှာဖွေမှုကို CDFမင်းတပ် ရန်ပုံငွေရှာဖွေရေးကော်မတီက ဦးဆောင်ပြီး တောင်ဇလပ်မြေကမ်ပိန်းအဖြစ် မြေကွက်များ ကံစံမဲရောင်းချခဲ့သည်။ နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိ ပြုလုပ်ခဲ့သည့် တောင်ဇလပ်မြေ ကမ်ပိန်းအတွက် ကံစမ်းမဲလက်မှတ်အစောင်ရေ ၁၀,၀၀၀ (ကျပ်သိန်း ၂၀၀၀)ကို ရောင်းချခဲ့ရာ ကံစမ်းမဲလက်မှတ်အစောင်ရေ ၁၈,၀၀၀ ကျော် (ကျပ်သိန်း ၄၅၀၀ကျော်)ဖိုး ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ သတ်မှတ်ထားသည့်ပမာဏထက် ရန်ပုံငွေ ပိုမိုရရှိခဲ့၍ ပါဝင်ပံ့ပိုးသူတစ်ဦးချင်းစီကို အထူးကျေးဇူးတင်ကြောင်း CDF မင်းတပ် ရန်ပုံငွေရှာဖွေရေးကော်မတီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ CDF မင်းတပ်ကလည်း ယနေ့(ဒီဇင်ဘာ ၂ရက်)တွင် ထပ်မံ ဖော်ပြသည်။

(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF မင်းတပ်၊ Hkl-Mindat)
(မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းက မြို့ပေါ် တနေရာအား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်နှင့် CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CDF မင်းတပ်၊ Hkl-Mindat)

“CDF Mindat ရဲဘော်များအနေဖြင့်လည်း မင်းတပ်မြို့သိမ်းတိုက်ပွဲအောင်မြင်အောင် ဆင်နွှဲပါမည်။ အရေးတော်ပုံပြီးသည်အထိ တော်လှန်ရေးအောင်နိုင်သည်အထိ စွမ်စွမ်းတမံကြိုးစားသွားပါမည်ဟု ကတိပြုလိုက်ရပါတယ် ခင်မျာ” ဟု CDF မင်းတပ်က အသိပေးသည်။

CDF မင်းတပ်အနေဖြင့် နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲ၌ အောင်မြင်မှုများရရှိထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေး ထုတ်ဖော်ပြောကြားထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ CDF မင်းတပ်သည် ချင်းညီနောင် အဖွဲ့ဝင် ဖြစ်ပြီး ချင်းညီနောင်နှင့်မဟာမိတ်များက မင်းတပ်မြို့သိမ်းတိုက်ပွဲအပြင် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်သည်။

မင်းတပ်ဒေသ စစ်ရေးအခြေအနေကို ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတဆင့် ရေးသား အသိပေးထားရာ ယနေ့(ဒီဇင်ဘာ ၂ရက်) နံနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ကို လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းများကလည်း မင်းတပ်အခြေစိုက် ခလရ(၂၇၄)သို့ ခဲယမ်းနှင့် ရိက္ခာ ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီတပ်သည် မင်းတပ်မြို့ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။