Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို လူမှုကွန်ရက်မှာ ဆန့်ကျင်ရေးသားပြောဆိုမှုတွေကြောင့် လူ ၁,၈၀၀ ကျော်ဖမ်းခံရ

ဖမ်းခံရသူတွေထဲမှာ အရပ်သားပြည်သူတွေအပြင် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေနဲ့ သတင်းမီဒီယာ သမားတွေ လည်းပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ပုံဟောင်း)
၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

အာဏာသိမ်း ကာလ သုံးနှစ်ကျော် အတွင်း လူမှုကွန်ရက်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်တာ ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအား ပေးတဲ့အရေးအသားတွေကြောင့် လူ ၁ ,၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ စာရင်းထုတ်ပြန်ပါတယ်။

မြို့ပေါင်း ၂၂၃ မြို့က အရပ်သားပြည်သူ ၁,၈၄၀ ဦးထိ ဖမ်းခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်းအများဆုံး အဖမ်း ခံရတာလို့သိရပါတယ်။ ဖမ်းခံရသူ တွေထဲမှာ အမျိုးသမီး ၆၅၇ဦး ၊ အမျိုးသား ၁,၁၈၃ဦးပါဝင်ပါတယ်။

ဖမ်းခံရသူဦးရေအများဆုံးဒေသတွေကတော့ ရန်ကုန်နဲ့ မန္တလေး က ဖြစ်တယ်လို့ Data for Myanmar အဖွဲ့ ရဲ့စာရင်းမှာပါရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာတင် ဖမ်းခံရသူဦးရေ က ၈၉၆ ဦးထိရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ် ၊ တစ်တော့ ၊ တယ်လီဂရမ် လူမှုကွန်ရက်တွေ စောင့်ကြည့်ပြီး စစ်တပ်ကို ဆန့်ကျင်ရေးသားသူတွေ ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ကို အားပေးထောက်ခံသူတွေ ဖမ်းခံခဲ့ရတာရှိပါတယ်။

ဒါအပြင် စစ်ဆေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ လူမှုကွန်ရက်က ရေးသား ၊ မျှဝေတာတွေကို အကြာင်းပြပြီး ဖမ်းဆီးတာတွေ လည်းရှိပါသေးတယ်။

ဖမ်းခံရသူတွေထဲမှာ အရပ်သားပြည်သူတွေအပြင် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေနဲ့ သတင်းမီဒီယာ သမားတွေ လည်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။