Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကနိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန်

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

စစ်​ကောင်စီကနိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန်
စစ်​ကောင်စီကနိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန်

▪︎စစ်တပ်က နိုင်၍ရှို့ခြင်းမဟုတ်ဘဲ ရှုံး၍၊ ထောက်ခံမှုမရ၍ ရှို့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်ပြော

စစ်အာဏာသိမ်းကာလအတွင်းစစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့အစည်းများက နိုင်ငံတဝန်းမီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

အထက်ပါ အရပ်သားပြည်သူ နေအိမ်ပေါင်းခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးမှုသည် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရေတွက်ကောက်ယူထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းတွင် ၉,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၅ လုံးနှင့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်အုပ်စုက နိုင်ငံတစ်ဝန်းပြည်သူ့အိုးအိမ်များမီးရှိူ့ဖျက်ဆီး​နေမှုများကိုData For Myanmar ကပုံအချက်အလက်စု​ဆောင်းထုတ်ပြန်​ပေး​နေ​သည်။ ဆက်သွယ်​ရေးအခက်အခဲ​ကြောင့် အတည်ပြုရန်ခက်ခဲသဖြင့် ကျန်ရှိ​သောမီးရှို့ခံရ​သောစာရင်းများကျန်ရှိနိုင်​သေး​ပြီး ၊​အမှန်တစ်ကယ်တွင် ယခုထက်ပင်ပိုများနိုင်​ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

ယခု မတ်လထဲတွင်လည်း စစ်အုပ်ချုပ်ရေးကြေညာသတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ ရက်ကပင် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၆၉ အိမ်နှင့်ဘုန်းကြီးကျောင်းတစ်ကျောင်းကို ပြာကျ​စေခဲ့ပြီး အဘွားအိုတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

“အကြောက်တရားနဲ့အုပ်ချုပ်ပြီး ပြည်သူလူထုဆင်းရဲအောင်လုပ်တာ။ ဆင်းရဲရင် နိုင်ငံရေးဘက်ကို မလှည့်နိုင်ဘူး။ ထောက်ပံ့မှုမလုပ်နိုင်ဘူး။ ထောက်ခံမှုမလုပ်နိုင်ဘူး။ အကြောက်တရားသွင်းပြီး အုပ်ချုပ်ချင်လို့ ရက်ရက်စက်စက် လုပ်တာ။ အဓိက,က သူတို့ကို ထောက်ခံမှုမရှိလို့ လုပ်တာပဲ”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဂျိန်းစ်ဘွန်းက ပြောသည်။

ဆက်လက်ပြီး “ဒီမိဘဘိုးဘွားလက်ထက်ကတည်းက စုဆောင်းထားတဲ့ နှစ်ပေါင်း ရာနဲ့ချီ၊ ၇၀၊ ၆၀ စုဆောင်းထားတဲ့ ဒီအိမ်၊ ဒီယာလေးတွေက ဒါလေးတွေက သူတို့၊ ကျွန်တော်တို့ ဘဝတွေပဲဟာ ဒါတွေကို မီးရှို့ဖျက်ဆီးမှတော့ ဘယ်သူကျေနပ်မှာလဲ။ ဘယ်လိုမှလည်း ကျေနပ်နိုင်စရာအကြောင်းမရှိဘူး တစ်သက်လုံး” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

“ပြည်သူ့စစ်မဟာဗျူဟာကျဆုံးပြီး မကြာခင် စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ အလားအလာအကောင်းဆုံးအချိန်ပဲ။ ဒါ နိုင်လို့ ရှို့တာမှမဟုတ်တာ ရှုံးလို့ရှို့တာပဲ။ သူတို့ ထောက်ခံမှုမရှိလို့ ရှို့တာ”ဟု တော်လှန်ရေးရဲဘော် ကိုဂျိန်းစ်ဘွန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။