Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားရှိ C3တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။

(ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ C3 စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ C3 စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့)

▪️ယနေ့ ဟားခါးမြို့အနီးတိုက်ပွဲ ပြင်းထန်နေ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီ​၏ C3တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၄ရက် ညနေပိုင်းတွင် သီးမြစ်နှင့် ထန်တလန်မြို့ကြားရှိ C3တပ်စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“အဝေးကနေပစ်ပြီးမှ ဗုံးကြဲတိုက်ခိုက်တာပေါ့။ စကစတွေ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူတွေက အော်တိုတောင်စခန်းမှာ စုထားတယ်လို့ သိရတယ်။ မနေ့က C3စခန်းကို ထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့တာပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ C3 စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ C3 စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ပေးပို့)

ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။

ထို့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ အော်တိုတောင် တပ်စခန်းအပါအဝင် တပ်စခန်းနေရာများကို ပြန်လည်နေရာယူခဲ့ရာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က နိုဝင်ဘာ ၂၂ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်ပြီး စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်နေခြင်း ဖြစ်သည်။

” အဲဒါကြောင့်ပြောမယ်ဆိုရင် အခုထိ ဟားခါး-ထန်တလန်ကြားမှာ စကစ စခန်းတွေ ၆ခုထိ ထိန်းချုပ်နိုင်ပြီ။ မနေ့က သူတို့ စကစတွေက လက်နက်ခဲယမ်း ဝှက်ထားတဲ့နေရာကို တွေ့လို့ လက်နက်တချို့လည်း သိမ်းဆည်းရခဲ့ပါတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၅ရက်) နံနက်တွင်လည်း ဟားခါးမြို့အနီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟုလည်း ချင်းသတင်းရင်းမြစ်က ပြောသည်။

“ဟားခါးဘက်ကနေ သူတို့က စကစက ထိုးစစ် ဆင်ဖို့လားမသိဘူး။အခု ဟားခါးအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ဟားခါးမြို့အနီးနှင့် ဟားခါး – ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် တစ်ပတ်တာအတွင်း တိုက်ခိုက်သိမ်းပိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း တပ်ရင်းမှူး ၂ဦး အပါအဝင် စစ်ကောင်စီတပ် သေဆုံးထိခိုက်သူများရှိခဲ့ပြီး ၂၀ဦးထက်မနည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံး၌ စစ်ကောင်စီတပ်ကင်းစင်ရေး မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်-ထန်တလန်(CDF-Thantlang)က ဧပြီ ၆ရက်တွင် ထုတ်ပြန်သည်။