Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၅)နယ်မြေ၌ နိုဝင်ဘာတိုက်ပွဲများအတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၉၀နီးပါးသေဟု KNUထုတ်ပြန်

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

(မာထောစခန်းအား သိမ်းပိုက်ရရှိစဉ် သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU)
(မာထောစခန်းအား သိမ်းပိုက်ရရှိစဉ် သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)၌ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ နီးပါးသေဆုံးခဲ့ဟု KNUဗဟိုက ယနေ့(ဒီဇင်ဘာ ၆ရက်) သတင်းထုတ်ပြန်သည်

နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ ထိခိုက်ကျဆုံးအခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၄၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၈၈ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။ KNLA ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံး ရှိꩻမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မာထောစခန်းတို့ကို နိုဝင်ဘာအတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း အသိပေးသည်။ KNLA ပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးလက်နက်ငယ်များ သိမ်းပိုက်ရရှိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံး (၁၆) လုံးနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။