Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ကြာ တိုက်ပွဲဖြစ်ခဲ့ဟု CDFပြော

စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

(မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် (Mindat)ပါဝင်သည့် ချင်းညီနောင်မဟာမိတ် တပ်များက နိုဝင်ဘာ ၉ရက်က စတင်ဆင်နွှဲခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၃၀ကြာတိုက်ပွဲရှိခဲ့ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းစစ်ဆင်ရေးများအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း အသိပေး ထားသော်လည်း စစ်ရေးသတင်းများ ထပ်မံထုတ်ပြန်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့ပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့လည်း လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် မင်းတပ်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း ကျူးလွန်ခဲ့ဟု ဆိုသည်။

CDFမင်းတပ် ရဲဘော်များအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဖြစ်ကြောင်း CDF မင်းတပ်က ယခုဒီဇင်ဘာ လဆန်းတွင် ကြွေးကြော်ထားပြီး အရေးတော်ပုံ ပြီးသည်အထိ တော်လှန်ရေး အောင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစားမည်ဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။