Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ မိသားစုဝင်လေးဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာရ

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − Chinland News
ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − Chinland News

ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ချွန်ကျုံးရွာကတော့ ဖလမ်းမြို့နဲ့ ဟားခါးမြို့နယ်ကြားမှာရှိတဲ့ ကားလမ်းမကြီး ပေါ်မှာရှိတဲ့ကျေးရွာ။ အိမ်ခြေ ၄၀၀ကျော်လောက်ရှိတဲ့ရွာကြီးဖြစ်ပါတယ်။ အဲဒီဘက်မှာ ဘာမှ တိုက်ပွဲ လည်းမရှိဘူး။ ပြောမယ်ဆိုရင် ဟားခါးမြို့နယ်ထဲဖြစ်တယ်။ ဟားခါးမြို့နဲ့ (၁၄)မိုင်လောက်ဝေးတဲ့ရွာ ဖြစ်ပါတယ်။ အခု ဟားခါး ထန်တလန်ကြား တိုက်ပွဲနဲ့ ဘာမှလည်း မပတ်သက်ဘူး။ စကစ ဗုံးကြဲခဲ့တယ်။ ပြည်သူ မိသားစုလိုက် ၄ယောက်သေဆုံးတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ၁၁ဦး ဒဏ်ရာရတယ်လို့ သတင်းကြားရတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများတွင် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း Chinland Newsက ဖော်ပြထားသည်။ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်အစောတွင် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၂၆ရက်ကလည်း ဖလမ်းမြို့နယ် လုမ်သဲပြည်သူ့ဆေးရုံကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၂ဦး အပါအဝင် ၇ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်ကောင်စီက အသိပေးထားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က ဖော်ဆောင်နေသကဲ့သို့ ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်သည့် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။