Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ - ဝီကီ)
အမြန်လမ်းမကြီးလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ - ဝီကီ)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိတဲ့ အမြန်လမ်း ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

အမြန်လမ်းရဲ့ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြား တဇောက်ချောင်းတံတား ရဲကင်းစခန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်းနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

” စခန်းကိုအခိုင်မာဆောက်ထားတယ်၊ ရိုးရိုးဂိတ်တော့မဟုတ်ဘူး “လို့ နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ရုပ်သံဖိုင်အရ အမြန်လမ်းဘေးက လယ်ကွင်းထဲ ခရီးသည်တွေ ဆင်းပြေးပြီး ပုန်းခိုနေကြရတာတွေ့ရပါတယ်။

စစ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာလည်း အမြန်လမ်းက ရဲကင်းတိုက်ခိုက်ခံရတယ်လို့ ဖြန့်ဝေနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးစခန်းတွေကို ကွန်ကရစ်ဘန်ကာတွေ နဲ့ အခိုင်အမာတည်ဆောက်လာတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ