Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်မှာ ၄ ရက်အတွင်းစစ်​ကောင်စီဗုံးကြဲမှုကြောင့်ကလေးငယ်၃ဦးအပါပြည်သူ၁၁ဦးသေဆုံး

နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တရစပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

ရှိန်း/People’s Spring

ပြီးခဲ့တဲ့တပတ်အတွင်း နွားထိုးကြီးမြို့နယ်ထဲကဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေအပါအဝင်ကျေးရွာခြောက်ရွာကို စစ်​ကောင်စီကလေကြောင်းက​နေ ဗုံးကြဲခဲ့တာ​ကြောင့် ကလေးငယ်၃ဦးအပါအဝင်စုစုပေါင်းပြည်သူ၁၁ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ၁၀ဦးထပ်မနည်းရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လူ့အခွင့်အရေးတာဝန်ခံက​ပြောပါတယ်။

ဒီဇင်ဘာလ၂ရက်နေ့ကနေ ၅ရက်နေ့အထိနွားထိုးကြီးမြို့နယ် မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နဘဲမြစ်ကျေးရွာမှအမျိုးသား၄ဦး၊ကွမ်းအုံကျေးရွာမှ အမျိုးသမီးတဦးနဲ့ ၁၁နှစ်အရွယ်ကလေး ၁ ဦး၊လုံးတောကျေးရွာမှ ၉နှစ်အရွယ်ကလေး၁ ဦး၊ကန်နှောင်းကျေးရွာမှ အမျိုးသား

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

၁ဦး၊လက်ဝဲ+မြင်းနီကျေးရွာမှအမျိုးသား၁ဦး၊အောင်ပန်းကုန်းကျေးရွာမှ အမျိုးသား၁ဦး၊အမျိုးသမီး၁ဦး နဲ့ ၁၃နှစ်အရွယ်ကလေးငယ်၁ ဦး စုစုပေါင်း၁၁ဦးသေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တရစပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။

“ပြည်သူတွေအမှန်တရားဘက်ပဲထောက်ခံကြတာအများဆုံးဖြစ်နေတယ်ဆိုတာ သူတို့လည်းသိနေတော့ အဲတာကြောင့်ပြည်သူကိုအဓိကထားတိုက်နေတယ်ထင်တာပဲဗျ”လို့ လူ့အခွင့်အရေးတာဝန်ခံကပြောပါတယ်။

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

နွားထိုးကြီးမြို့နယ်ကဒေသခံတဦးကတော့ မြင်းခြံမြို့အခြေစိုက်တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦးဒဏ်ရာရဖူးလို့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆေးလာကုဖူးပြီး အဲဒီရဲဘော်ဟာ သီတာယုမွန်ပျူစောထီးအဖွဲ့ထဲဝင်သွားတာမျိုး ပြီးခဲ့တဲ့လပိုင်းကဖြစ်ခဲ့ပြီး အဲဒီရဲဘော်ရဲ့သတင်းပေးချက်အရလေကြောင်းတိုက်

တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ​ပြောတာမှန် ၊ မမှန် People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး ။

ဒီဇင်ဘာ ၉ရက်နေ့လည်၁၁နာရီခွဲအချိန်မှာလည်း မြင်းခြံမြို့ ခမရ(၁၅)တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ​ကြောင့် လက်ဝဲ ၊ မြင်းနီကျေးရွာကနေအိမ်ပေါ်ကျခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။