Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်မှာ ၄ ရက်အတွင်းစစ်​ကောင်စီဗုံးကြဲမှုကြောင့်ကလေးငယ်၃ဦးအပါပြည်သူ၁၁ဦးသေဆုံး

နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တရစပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

ရှိန်း/People’s Spring

ပြီးခဲ့တဲ့တပတ်အတွင်း နွားထိုးကြီးမြို့နယ်ထဲကဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေအပါအဝင်ကျေးရွာခြောက်ရွာကို စစ်​ကောင်စီကလေကြောင်းက​နေ ဗုံးကြဲခဲ့တာ​ကြောင့် ကလေးငယ်၃ဦးအပါအဝင်စုစုပေါင်းပြည်သူ၁၁ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ၁၀ဦးထပ်မနည်းရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လူ့အခွင့်အရေးတာဝန်ခံက​ပြောပါတယ်။

ဒီဇင်ဘာလ၂ရက်နေ့ကနေ ၅ရက်နေ့အထိနွားထိုးကြီးမြို့နယ် မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နဘဲမြစ်ကျေးရွာမှအမျိုးသား၄ဦး၊ကွမ်းအုံကျေးရွာမှ အမျိုးသမီးတဦးနဲ့ ၁၁နှစ်အရွယ်ကလေး ၁ ဦး၊လုံးတောကျေးရွာမှ ၉နှစ်အရွယ်ကလေး၁ ဦး၊ကန်နှောင်းကျေးရွာမှ အမျိုးသား

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

၁ဦး၊လက်ဝဲ+မြင်းနီကျေးရွာမှအမျိုးသား၁ဦး၊အောင်ပန်းကုန်းကျေးရွာမှ အမျိုးသား၁ဦး၊အမျိုးသမီး၁ဦး နဲ့ ၁၃နှစ်အရွယ်ကလေးငယ်၁ ဦး စုစုပေါင်း၁၁ဦးသေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တရစပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။

“ပြည်သူတွေအမှန်တရားဘက်ပဲထောက်ခံကြတာအများဆုံးဖြစ်နေတယ်ဆိုတာ သူတို့လည်းသိနေတော့ အဲတာကြောင့်ပြည်သူကိုအဓိကထားတိုက်နေတယ်ထင်တာပဲဗျ”လို့ လူ့အခွင့်အရေးတာဝန်ခံကပြောပါတယ်။

(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

နွားထိုးကြီးမြို့နယ်ကဒေသခံတဦးကတော့ မြင်းခြံမြို့အခြေစိုက်တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦးဒဏ်ရာရဖူးလို့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆေးလာကုဖူးပြီး အဲဒီရဲဘော်ဟာ သီတာယုမွန်ပျူစောထီးအဖွဲ့ထဲဝင်သွားတာမျိုး ပြီးခဲ့တဲ့လပိုင်းကဖြစ်ခဲ့ပြီး အဲဒီရဲဘော်ရဲ့သတင်းပေးချက်အရလေကြောင်းတိုက်

တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူ​ပြောတာမှန် ၊ မမှန် People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး ။

ဒီဇင်ဘာ ၉ရက်နေ့လည်၁၁နာရီခွဲအချိန်မှာလည်း မြင်းခြံမြို့ ခမရ(၁၅)တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ​ကြောင့် လက်ဝဲ ၊ မြင်းနီကျေးရွာကနေအိမ်ပေါ်ကျခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။