Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ပြည်သူ့စစ်ပိုင်ကျားဖြန့်ရုံကို စစ်​ကောင်စီဝင်ဖမ်းစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်

မူဆယ်မြို့၊ မန်းဝိန်းရပ်ကွက်မှ ကျားဖြန့်ရုံတစ်ရုံကို ဒီဇင်ဘာလ၁၆ရက်မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

(မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ဝင်ဖမ်းရာမှအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ဝင်ဖမ်းရာမှအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မူဆယ်မြို့၊ မန်းဝိန်းရပ်ကွက်မှ ကျားဖြန့်ရုံတစ်ရုံကို ဒီဇင်ဘာလ၁၆ရက်မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

“လွှတ်ထားပြီး တရုတ်ကိုကြောက်လို့ အဖမ်းပြတာ။ ပြည်သူ့စစ်ကလည်း ပြန်ပစ်တာပဲ။ ကျားဖြန့်ရုံထဲက ဝန်ထမ်းတွေတော့ပါသွားတယ်။ အဖမ်းခံရတယ်ပေါ့” ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂၃ရက် နံနက်ကလည်းမူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီကဝင်ဖမ်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။တိုက်ပွဲအတွင်းခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိခဲ့သည်။

မူဆယ်မြို့တွင်စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့များ ပိုင်ဆိုင်သည့် ကျားဖြန့်ရုံများရှိနေသည်ဟု ဒေသခံများကပြောသည်။

တရုတ်အစိုးရ​၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီက ကျားဖြန့်ရုံများကို ဖမ်းဆီးမှုများရှိနေသည်။ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က မူဆယ်မြို့အတွင်း ကျားဖြန့်ရုံတစ်ရုံကို ဝင်စီးနင်းပြီး ဝန်ထမ်း ၆၀၀ခန့်ကို ဖမ်းဆီးခဲ့သည်။ ၂၀၀ ခန့်သည် တရုတ်နိုင်ငံသားများဖြစ်ပြီး စစ်ကောင်စီက တရုတ်နိုင်ငံသို့ပြန်လွှဲပေးခဲ့သည်။ ကျန်မြန်မာ၄၀၀ခန့်ကို သုံးလခန့်ကြာမှ ပြန်လွတ်ပေးခဲ့သည်။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူရန် ပြင်နေစဉ် တရုတ်အစိုးရက မတိုက်ရန် ဖိအား​ပေးသဖြင့် ကျန်နေသည့် မြို့ဖြစ်သည်။ သို့​​သော် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို ညီ​နောင်မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် မူဆယ်မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး ဒုစရိုက်မှုများကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook