Connect with us

Hi, what are you looking for?

သတင်း

ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံး နှင့် ရဲစခန်း တိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက​ပြောသည်။

ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံး နှင့် ရဲစခန်း တိုက်ခိုက်ခံရ
ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံး နှင့် ရဲစခန်း တိုက်ခိုက်ခံရ

တာရာ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရုံးစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့​ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ သို့​သော်စစ်ကောင်စီလက်အောတပ်သားများထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူမသိရသေးကြောင်းလည်း၎င်းတို့က​ပြောသည်။

“မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုသည်PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။

ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။