Connect with us

Hi, what are you looking for?

သတင်း

ဘုံသဘောတူညီချက် ၅ရပ်အား ကျော်လွန်လုပ်ဆောင်ရန် အာဆီယံကို အရပ်ဘက်လူထုအဖွဲ့အစည်းများ တောင်းဆို

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀ကမူ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန် တိုက်တွန်းသည်။

(အောက်တိုဘာလတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်နှင့် ခေါင်းဆောင်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အာဆီယံ)
(အောက်တိုဘာလတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်နှင့် ခေါင်းဆောင်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အာဆီယံ)

အီယိုရီ/People’s Spring

အာဆီယံသည် မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရန် ဘုံသဘောတူညီချက် ၅ရပ်အား ကျော်လွန်လုပ်ဆောင်ရန်၊ စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေးအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ကာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀က လက်မှတ်ရေးထိုးထုတ်ပြန်သည်။

အာဆီယံ၏ ‘မြန်မာပိုင်၊ မြန်မာဦးဆောင်’ချဥ်းကပ်မှုသည် မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံပံ့ပိုးပေးသည့် စစ်မှန်သော နိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း၂၆၀က တိုက်တွန်းထားသည်။

အာဆီယံသည် ဘုံသဘောတူညီချက်ငါးရပ်စပေါ်လာချိန်မှစ၍ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်ရန် လုံးလုံးလျားလျားပျက်ကွက်ခဲ့ရုံသာမက မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်လည်း ကြံရာပါဖြစ်လာခဲ့ကြောင်း အထက်ပါအရပ်ဘက်လူထုအဖွဲ့အစည်းများက ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

“အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အားပေးကူညီနေတာ ရပ်တန့်ရပါမယ်။ အဲ့ဒီအစား အာဆီယံအနေနဲ့ နိုင်ငံတကာဥပဒေဘောင်အောက်မှာ မြန်မာစစ်တပ်ကို တရားစွဲအပြစ်ပေးနိုင်ရေး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုတွေမှာ ပူးပေါင်းပါဝင်ရပါမယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပံ့ပိုးကူညီရပါမယ်”ဟု သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(Blood Money Campaign)အဖွဲ့ဦးဆောင်သူ မူလန်က ပြောသည်။

ယခုသီတင်းပတ်ကုန်တွင် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းထိုင်းနိုင်ငံက အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှ ကိုယ်စားလှယ်များအားဖိတ်ကြားကာ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် စီစဥ်ထားသည်။ ယင်းအလွတ်သဘောဆွေးနွေးပွဲမတိုင်မီ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ‘မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုဟူသည့် အာဆီယံ၏ရည်ရွယ်ချက်များ သုံးသပ်ဖြေရှင်းခြင်းစာတမ်း’ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

ယခုသီတင်းပတ်ကုန် ထိုင်းနိုင်ငံ၊​ဘန်ကောက်မြို့၌ ပြုလုပ်မည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ပါဝင်မည်ဖြစ်ပြီး စစ်ကောင်စီက ၎င်းကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တင်သွင်းလာနိုင်ကြောင်း သိရသည်။

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀ကမူ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန် တိုက်တွန်းသည်။

ထို့အပြင် တရားဝင်မှုရှိသော သက်ဆိုင်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန် နှင့် စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...