Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် မံစီမြို့ကို KIA စစ်ရှိန်မြှင့်ထိုးစစ်ဆင်၍ ယနေ့ တိုက်ပွဲပြင်းထန်

တိုက်ပွဲကြောင့် ပြည်သူများအခက်အခဲများစွာ ကြုံနေရမှုကို KIA သတင်းပြန်ကြားရေးဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ − Steve Tickner)
(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်များ။ ဓာတ်ပုံ − Steve Tickner)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၈ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်နှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို KIAက ဒီဇင်ဘာ ၄ရက်တွင်စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် လေးရက်ခန့်ကစတင်၍ တိုက်ပွဲအနည်းငယ် ငြိမ်သက်နေရာ ယနေ့တွင် KIA က ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့တော့ ဗန်းမော်နဲ့ မံစီဘက်မှာတိုက်ပွဲ တော်တော်ပြင်းထန်တယ်။ဗန်းမော်မြို့မှာက နေရာ သုံးနေရာလောက်ဖြစ်တယ်။ ပြီးတော့ မံစီဘက်မှာရော။မံစီမြို့နားက (၆၀၁)၊ (၃၁၉)နဲ့ (၅၂၃)တပ်ရင်း အဲဒါကို ထိုးစစ်ဆင်တာ။ ဗန်းမော်ဘက်မှာတော့ သုံးမိုင်ပတ်လည် လေယာဉ်ကွင်းနားမှာတိုက်ပွဲဖြစ်တာ။ ပြီးတော့ ၄၇ တပ်ရင်းဘက်မှာပြီးတော့ တက္ကသိုလ်ကျောင်းဝင်းဘက်မှာရော။ ဒီနေ့ ဗန်းမော်တိုက်ပွဲ တော်တော်ပြင်းထန်တာ။ လေကြောင်းပစ်ကူက ၆ကြိမ်၊ ၇ကြိမ်လောက်ရှိမယ်။ လေးရက်လောက်ငြိမ်ထားတာ အခုတော့ ပြန်စပြီ။ အခုက ဒုတိယလှိုင်းပေါ့” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ ကာကင်းစခန်းနှင့် တပ်စွဲရာနေရာများကို KIAက သိမ်းပိုက်ရရှိထားသော်လည်း စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲ အခြေအနေ အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်းမရှိပေ။

သို့သော် တိုက်ပွဲကြောင့် ပြည်သူများအခက်အခဲများစွာ ကြုံနေရမှုကို KIA သတင်းပြန်ကြားရေးဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

ဗန်းမော်မြို့အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတိုးမြှင့်လုပ်ဆောင်နေ၍ မြို့တွင်းနေအိမ်များစွာ မီးလောင်ပျက်စီးလျက်ရှိသည်ဟု အသိပေးသည်။ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုရှိနေကြောင်း၊ ဖုန်း၊ အင်တာနက် လိုင်းများ ပိတ်ခံထား၍ တိုက်ပွဲအခြေအနေ ကို စုံစမ်းနေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေး ဌာနက ဖော်ပြသည်။

မြို့ခံပြည်သူများ တိမ်းရှောင်နေသည်မှာ ၁၀ရက်ကျော်ပြီဖြစ်ပြီး ရေရှည်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း၊ မြို့တွင်း ပိတ်မိပြည်သူအချို့ရှိနေပြီး စစ်ရှောင်များ ချိန်ထားခဲ့သည့် ပစ္စည်းများကို ခိုးယူသူများလည်း ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။