Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောင်းထိုးလာလို့ ပခုက္ကူနဲ့မြိုင်အစပ်က ပြည်သူတစ်သောင်းခန့် ထွက်ပြေးနေရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ ပြီးခဲ့တဲ့မေလအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ
မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ ပြီးခဲ့တဲ့မေလအတွင်းမီးရှို့ခံရပြီးနောက်တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အရပ်သား ပြည်သူ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပခုက္ကုမြို့နယ်အနောက်ဘက် နဲ့ မြိုင်မြို့နယ် တောင်ဘက်မှာရှိတဲ့ ရေလာလေးရွာက စစ်တပ်နဲ့ပျုစောထီးပူးတွဲထိုင်ထားတဲ့စခန်း ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်ခံရပြီးနောက်မှာ အနီးတဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တာတွေ လုပ်ဆောင်လာတာပါ။

ရေလာလေး ရွာ စခန်းကို စီးနင်းတိုက်ခိုက်မှုမှာ သေနတ် ၁၈ လက်နဲ့ သုံ့ပန်း ၇ ဦး ဖမ်းမိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစု Earthquake people`s defence force က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” ရေလာလေးစခန်းသိမ်းပြီးကတည်းက ရွာတွေကိုတောက်လျှောက်စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှုတွေလည်းဆက်တိုက်ဖြစ်နေတယ်ဗျ ” လို့ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် ထန်းတပင်နဲ့ ရေသာကြီးကျေးရွာကြားမှာ စစ်ရှောင်သက်ကြီးရွယ်အိုရောဂါနဲ့သေဆုံးတာကို သွားရောက်ကူညီပေးတဲ့ တော်လှန်ရေးရဲဘော် ၂ ဦး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရပြီး ၁ ဦး ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၈ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲဝန်းကျင်မှာ မြိုင်မြို့နယ် ၊ဝက်ကြုံးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၁၁ရက်ကစတင်ပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်အတွင်းက ဝက်ကြုံး၊ ရေလာကြီး၊ ဝါးကျွန်းတွင်း၊ ပြည့်အိုင်၊ ထန်းတပင်၊ရွာသာအေး၊ ပဒိုင်းကော၊ အောင်သာ၊ ရေမျက် ၊ ဖောင်ကျောင်းစတဲ့ ကျေးရွာကြီး၁၀ရွာခန့်က ပြည်သူ တစ်သောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေတာလို့ သိရပါတယ်။

ဓာတ်ပုံ – နွေဦးတော်လှန်ရေး – မြိုင်မြို့

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force - UGက အသိပေးသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

အဆိုပါ ရေလာလေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စိတပ်က စခန်းအနီး ကျေးရွာ ၂ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

Facebook