Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနှင့် ကျွန်းလှတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ရာ ၁၆ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းရဟု အမှတ်(၁)စစ်ဒေသ အသိပေး

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ)

ဇေအောင်၊အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ​၏ အမှတ်(၃၆၁) ခြေမြန်တပ်ရင်းနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းအား တိုက်ခို​က်ရာ ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရကြောင်း အမှတ်(၁)စစ်ဒေသက အသိပေး ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက်က ကန့်ဘလူမြို့နယ်၊ မကျီးကုန်းကျေးရွာအနောက်ဘက်၌ ကျွန်းလှမြို့နယ်၊ ကံပေါက်ကျေးရွာမှ ထိုးစစ်ဆင်လာသော ခမရ(၃၆၁)တပ်နှင့် ပျူစောထီးပူးပေါင်း အင်အား ၁၆၀ခန့်အား တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲသည်။

စစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပကဖ၊ ပလဖ၊ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ၊ ပလဖ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နှင့် ဒေသခံ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

“သေဆုံးတဲ့သူတွေထဲ နတ်ပေးရွာနဲ့ သင်မန်းတောရွာတွေက ပျူတွေလည်းပါတယ်။ သေဆုံးတဲ့သူတွေကို ကန့်ဘလူ သုဿာန်မှာ မီးသင်္ဂြုလ် တာ။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

တိုက်ပွဲမှာ တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး စစ် ကောင်စီက အထိနာ၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ သေနတ် ၁၀လက်နှင့်ခဲယမ်းပစ္စည်းများ သိမ်းရခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“တိုက်ပွဲတွေက အခုငြိမ်သွားပြီ။ စစ်တပ်လည်း အပြင်မထွက်ရဲတော့ဘူး။ အဲ့ဒီလို အခြေအ‌နေပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက်ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာအခြေစိုက် ခမရ (၃၆၁)နှင့် ပျူစောထီးပူးပေါင်းအင်အား ၇၀ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း-၁ နှင့် ဒေသခံ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်းများသိမ်းရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထပ်မံ အသိပေးသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။