Connect with us

Hi, what are you looking for?

သတင်း

ကာလဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် တောလမ်းတွေကို ပိတ်ဖို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြား

ကာလဝမ်းရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုတွေကို တားဆီးဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်က တောလမ်းတွေကို ကြပ်ကြပ်မတ်မတ် ပိတ်ထားဖို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားလိုက်ပါတယ်။

ကာလဝမ်းရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုတွေကို တားဆီးဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်က တောလမ်းတွေကို ကြပ်ကြပ်မတ်မတ် ပိတ်ထားဖို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းကာကွယ်ရေး ဝန်ကြီး ဖုမ်သမ် ဝီချာယာချိုင် ထုတ်ပြန်ခဲ့တဲ့ အမိန့်ဟာ မြန်မာဖက်ခြမ်း၊ ရွှေကုက္ကိုမြို့မှာ ကာလဝမ်းရောဂါ ပျံ့နှံ့ ကူးစက်နေမှုတွေနဲ့ ပတ်သက်လို့ ထိုင်းက ပိုမို ထိထိရောက်ရောက် ကြပ်မတ်ကိုင်တွယ်လာတာကိုလည်း ညွှန်ပြနေပါတယ်။

ထိုင်းအစိုးရဟာ မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တက်ခ်ပြည်နယ်ထဲမှာ ကာလဝမ်းရောဂါ တားဆီးရေးအတွက် အထူး အဖွဲ့တစ်ခုကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တာဝန်ပေး ခန့်အပ်ထားပြီး ဖြစ်ပါတယ်။

တောလမ်းတွေကနေ ရွှေ့ပြောင်းဝင်ရောက်မှုတွေကို တားဆီးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပေမယ့်လည်း နှစ်နိုင်ငံ အဓိက နယ်စပ်ဂိတ်တွေက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပုံမှန် ဖွင့်လှစ်ထားဆဲ ဖြစ်သလို စိုက်ပျိုးရေး ထုတ်ကုန်တွေ ဖြတ်သန်းဝင်ရောက်မှုကိုလည်း လက်ခံထားဆဲပါ။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက တင်းကျပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်သားတွေ၊ မဲဆောက်ခရိုင် အုပ်ချုပ်ရေး အရာရှိတွေ၊ မဲဆောက် ရဲတပ်ဖွဲ့နဲ့ မဲဆောက် ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေဟာ တက်ခ်ပြည်နယ်ရဲ့ နယ်စပ်ကျေးရွာတွေကို ရောက်ရှိလာပြီး ဒေသခံတွေကို ကာလဝမ်းရောဂါ တားဆီး တိုက်ဖျက်ရေး အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ထိ အခြေအနေအရ ရွှေကုက္ကိုမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိလူနာ ၂၀၀ လောက်ထိ ရှိနေပြီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ တက်ခ်ပြည်နယ်ထဲမှာတော့ ပိုးတွေ့လူနာ ၂ ဦးကို ဆေးရုံတင်ထားကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့ ထိုင်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရွှေကုက္ကိုမှာ ကာလဝမ်းရောဂါ အဖြစ်အများဆုံးဟာ တရုတ် လုပ်ငန်းရှင်တွေနဲ့ မြန်မာ အလုပ်သမားတွေလို့လည်း သိရပါတယ်။

ကိုးကား Khaosod

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာ အထောက်အပံ့တွေ ရပ်ဆိုင်းသွားခြင်းကြောင့် ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၀၀၀၀၀ လောက်ဟာ ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြဿနာတွေ အကြီးအကျယ် ကြုံတွေ့လာရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောကြားခဲ့ပါတယ်။

သတင်း

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် အဖွဲ့အစည်း တစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်း အကြီးအကဲတစ်ဦး ရာထူးကနေ ဆိုင်းငံ့ ခံထားရကြောင်း သိရပါတယ်။

ဆောင်းပါး

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။