Connect with us

Hi, what are you looking for?

သတင်း

နယ်စပ် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်ကြောင့် စွပ်စွဲချက်ကြောင့် ထိုင်းရဲဗိုလ်ချုပ်တစ်ဦး ရာထူးက ဆိုင်းငံ့ခံရ

ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် အဖွဲ့အစည်း တစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်း အကြီးအကဲတစ်ဦး ရာထူးကနေ ဆိုင်းငံ့ ခံထားရကြောင်း သိရပါတယ်။

People’s Spring

ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် အဖွဲ့အစည်း တစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်း အကြီးအကဲတစ်ဦး ရာထူးကနေ ဆိုင်းငံ့ ခံထားရကြောင်း သိရပါတယ်။

အမှတ် ၅ စုံစမ်းရေး ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် အက်ခါရက်သ် အင်တာဆက်ဘ်ဟာ တော်ဝင်ထိုင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိရာထူးကနေ ဆိုင်းငံ့ခြင်းကို ခံခဲ့ရတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့နေရပါတယ်။ သူဟာ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်အခြေစိုက်ဒုစရိုက်အဝန်းအဝိုင်း တခုနဲ့အချိတ်အဆက်ရှိနေတယ်လို့စွပ်စွဲခံထားရပါတယ်။

ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ဒုတိယ အကြီးအကဲ ရန်ဆီမန်ရုမ်းက မြဝတီအခြေစိုက် တရားမဝင် အွန်လိုင်း ကာစီနိုပေါင်း ၁၇ ခုထက် မနည်းဟာ ထိုင်းမှာ စီးပွားရေး မိတ်ဖက်တွေ ရှိနေကြောင်း၊ အဲဒီထဲက တစ်ခုကို အစိုးရနဲ့ အဆက်အစပ်ရှိတဲ့ ထိုင်းရဲဗိုလ်ချုပ် တစ်ယောက်က ပိုင်ဆိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ စွပ်စွဲ ပြောကြားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာ နယ်စပ်အခြေစိုက်ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ လူမှောင်ခိုဂိုဏ်းတွေ နှိမ်နင်းရေးကို အစိုးရက အာရုံစိုက်လာတဲ့ အချိန်မှာ ရန်ဆီမန်က အဲဒီ ဒုစရိုက်ဂိုဏ်းတွေနဲ့ ထိုင်းရဲ့ရာထူးကြီး အရာရှိတွေ ဆက်စပ်မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က နယ်စပ်မှာ ရှိနေတဲ့ ဒုစရိုက် လှုပ်ရှားမှုတွေနဲ့ အချိတ်အဆက်ရှိတဲ့ အစိုးရ အရာရှိတွေကို ဖယ်ရှားနိုင်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

နောက်ပြီး ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ကစ်တီရတ် ပန်ပက်ချ်ကလည်း အချက်အလက် ရှာဖွေမှု ကော်မတီ တစ်ခုကို ဖွဲ့စည်းဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဗဟိုစုံစမ်းရေးဗျူရို ဒုတိယ အကြီးအကဲဖြစ်သူ ထိုင်းရဲဗိုလ်ချုပ် ချာရွန်ကီရတ် ပန်ကူ ဦးဆောင်ပြီး အဖွဲ့ဝင် ၂၀ ပါဝင်မယ့် ကော်မတီဟာ အက်ခါရက်သ်ရဲ့ ကိစ္စကို အဓိကထား ကိုင်တွယ်ရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ရက်ပေါင်း ၃၀ အတွင်း ကစ်တီရတ်ဆီ ပြန်လည် တင်ပြရမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းတက်ခ်ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် ဆမ်ရစ် အမ်ကာမိုလ်ဟာလည်း သူတာဝန်ယူရတဲ့ ဧရိယာ တဝိုက်က ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးက ဆိုင်းငံ့ ခံထားရပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း သိရပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။

သတင်း

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)အပါအဝင် ဒုစရိုက် လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းအောင် အာဏာပိုင်တွေကို ဖိအားပေးတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်းက ရွှေကုက္ကိုနဲ့ ကေကေပက်ခ် ဒေသတွေဆီ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှု ဖြတ်တောက်ဖို့ စဉ်းစားနေကြောင်း ဒုတိယဝန်ကြီးချုပ်ကခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

သတင်း

ကျားဖြန့် ဂိုဏ်းတွေအပါအဝင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် လှုပ်ရှားမှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ချက်နဲ့ တရုတ် လုံခြုံရေး အရာရှိတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းနယ်စပ်ကိုသွားရောက်စစ်ဆေးလေ့လာခဲ့ကြောင်းသိရပါတယ်။

Facebook