Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသော စစ်သားများ ကျောက်ထုနယ်အတွင်း ရောက်နေ

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ - CDF မင်းတပ်၊ချင်းညီ​နောင်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ - CDF မင်းတပ်၊ချင်းညီ​နောင်)

အိမ်သွင်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ပြောသည်။

“မင်တပ်က ​ပြေးလာတာ ၃၀ကျော်၄၀လောက်ရှိမယ်။ ကျောက်ထုနယ်ဘက်ကို ပြေးလာကြပြီး ကာကွယ်ရေးတပ်တွေက လိုက်ပိတ်နေတယ်။ ဒါကို စစ်တပ်က လက်နက်ကြီးပစ်ပြီး လမ်းရှင်းပေးနေတာ။ ‌ရွာတွေကတော့ လက်နက်ကြီးရန်ကြောက်လို့ ရှောင်ကြရတယ်”ဟု ကျောက်ထုမြို့ခံတစ်ဦးကပြောသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ - CDF မင်းတပ်၊ချင်းညီ​နောင်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ – CDF မင်းတပ်၊ချင်းညီ​နောင်)

မင်းတပ်မြို့နှင့် ​ ကျောက်ထုမြို့သို့ ၁၈ မိုင်​ဝန်းကျင်ကွာ​ဝေးသည်။ ကျောက်ထုမြို့သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှ မြို့နယ်ခွဲအဆင့်ရှိ မြို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့်မဟာမိတ်များဖြစ်ကြသည့် Yaw Defense Force (YDF)၊ Yaw Army (YA)၊မုံရွာခရိုင်တပ်ရင်း(၃)တို့နှင့်အတူ CDF မင်းတပ်က နိုဝင်ဘာ ၉ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနှင့် မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ဟု CDF မင်းတပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၃၀ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရပြီး လက်ရှိတွင် ကျောက်ထုအမြောက်တပ်သို့ ထွက်ပြေးနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက ဒီဇင်ဘာ၂၂ရက်ညကစ၍ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေ၍ ဒေသခံများအား တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ - CDF မင်းတပ်၊ချင်းညီ​နောင်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များနှင့် စစ်သုံ့ပန်းမျာ။ ဓာတ်ပုံ – CDF မင်းတပ်၊ချင်းညီ​နောင်)

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ယောတပ်တော်(YA)က ယောဒေသလွတ်မြောက်ရေးအတွက်မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ စစ်ရေးအရှိန်မြှင့် တိုက်ပွဲဝင်သွားမည်ဟု ဒီဇင်ဘာ ၂၄ရက်​နေ့က ကြေညာခဲ့သည်။

ပထဝီအနေအထားအရ နယ်မြေကျောချင်းကပ် တသားတည်းဖြစ်နေသော အိမ်နီးချင်း ချင်းပြည်နယ် ၏ လွတ်မြောက်မှုသည် ယောဒေသ ပြည်သူလူထုတို့၏ လုံခြုံမှုဖြစ်ပြီး ယောဒေသ၏ လွတ်မြောက်မှုသည်လည်း အိမ်နီးချင်းမဟာမိတ်များအတွက် လုံခြုံမှုဖြစ်သည်ဟု YAက ထုတ်ပြန်ထားသည်။

ချင်းညီ​နောင်က ၂၀၂၄ ဇွန်လ ၂၉ ရက်​နေ့တွင်မတူပီမြို့သိမ်းခဲ့ရာ တွင်လည်း စစ်သားနှင့် မိသားစု စုစု​ပေါင်း၆၀၀ ​ကျော် မ​ကွေးတိုင်းအတွင်းသို့ထွက်​ပြေးခဲ့ကြသည်။လမ်းခရီး နှင့် ရာသီတုကြမ်းတမ်းခြင်း ၊ အစာ​ရေစာပြတ်လတ်ခြင်း၊ချင်းညီ​နောင်တပ်ဖွဲ့ဝင်များကလိုက်လံ တိုက်ခိုက်ရာ ထွက်​ပြေးစစ်သား အများအပြား​သေဆုံးခဲ့ပြီး လက်နက် တစ်ရာ​ကျော်ရရှိခဲ့​ကြောင်း ချင်းညီ​နောင်ကထုတ်ပြန်ခဲ့သည်။ ထိုအပြင် ထွက်​ပြေးစစ်သားများထဲမှဇူလိုင် ၆ရက် နေ့တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ်သည် အချို့ စုစုပေါင်း ၁၂ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး ချင်းညီ​နောင်ထံအလင်းဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း