Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်လက်ဆောင်အဖြစ်ရယူပေးသော မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းအောင်ပွဲအတွက် ချင်းညီနောင်မဟာမိတ်များအား NUGကာကွယ်ရေး ဂုဏ်ပြု

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CDF မင်းတပ်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CDF မင်းတပ်)

ထားမြတ်/People’s Spring

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မင်းတပ်နှင့် ကန်ပက်လက်နှစ်မြို့ကို နှစ်သစ်လက်ဆောင်အဖြစ်ရယူပေးခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မင်းတပ်ကို ဒီဇင်ဘာ ၂၁ရက်တွင် လည်းကောင်း၊ ကန်ပက်လက်မြို့ကို ဒီဇင်ဘာ၂၂ရက်တွင်လည်းကောင်း ချင်းညီနောင်နှင့်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ရာ NUG ကာကွယ်ရေးက ယနေ့ (ဒီဇင်ဘာ ၂၅ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက် နှင့် ခန္ဓာပေးဆပ်ခဲ့သည့် ချင်းသူရဲကောင်းများ အတွက်လည်း လေးစားဂုဏ်ယူ ကြောင်းဖော်ပြထားသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့များ လွတ်မြောက်မှုမှသည် ချင်းပြည်တခုလုံး လွတ်မြောက်ရေး၊ ထိုမှ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ချင်းတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်းသဝဏ်လွှာ ပေးပို့ အသိပေးခဲ့သည်။

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။