Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်လက်ဆောင်အဖြစ်ရယူပေးသော မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းအောင်ပွဲအတွက် ချင်းညီနောင်မဟာမိတ်များအား NUGကာကွယ်ရေး ဂုဏ်ပြု

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CDF မင်းတပ်)
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ၊ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CDF မင်းတပ်)

ထားမြတ်/People’s Spring

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မင်းတပ်နှင့် ကန်ပက်လက်နှစ်မြို့ကို နှစ်သစ်လက်ဆောင်အဖြစ်ရယူပေးခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မင်းတပ်ကို ဒီဇင်ဘာ ၂၁ရက်တွင် လည်းကောင်း၊ ကန်ပက်လက်မြို့ကို ဒီဇင်ဘာ၂၂ရက်တွင်လည်းကောင်း ချင်းညီနောင်နှင့်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ရာ NUG ကာကွယ်ရေးက ယနေ့ (ဒီဇင်ဘာ ၂၅ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲများအတွင်း အသက် နှင့် ခန္ဓာပေးဆပ်ခဲ့သည့် ချင်းသူရဲကောင်းများ အတွက်လည်း လေးစားဂုဏ်ယူ ကြောင်းဖော်ပြထားသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့များ လွတ်မြောက်မှုမှသည် ချင်းပြည်တခုလုံး လွတ်မြောက်ရေး၊ ထိုမှ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ချင်းတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်းသဝဏ်လွှာ ပေးပို့ အသိပေးခဲ့သည်။

ချင်းညီနောင်ကလည်း ၎င်းတို့ဒေသသာမက အခြားဒေသများလည်း လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သားမည်ဟု ဒီဇင်ဘာ ၂၃ရက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို