Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်လိုက်ရုံဖြင့် နွေဦးတော်လှန်ရေး ရပ်တန့်သွားမည်မဟုတ်ဟု NUG နှင့် NUCC တို့ ပူးတွဲထုတ်ပြန်

မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်ကြောင်း NUG နှင့် NUCC က ထုတ်ပြန်သည်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းထံ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၃ပါတီတို့ တွေ့ဆုံစဉ်
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းထံ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၃ပါတီတို့ တွေ့ဆုံစဉ်

အီယိုရီ/People’s Spring

နွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားသည့် အဖွဲ့အစည်းတစ်ခုခုက အတုအယောင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်လိုက်ရုံဖြင့် ရပ်တန့်သွားမည်မဟုတ်ကြောင်း NUG နှင့် NUCC တို့က ပူးတွဲထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်း ကော်မတီက ယမန်နေ့(ဒီဇင်ဘာ ၂၄ရက်)တွင် သဘောထားထုတ်ပြန်ခဲ့ရာ စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကျင်းပခြင်းနည်းလမ်းက မြန်မာ့ပြဿနာ၏ထွက်ပေါက်လည်းမဟုတ်ကြောင်း ဖော်ပြသည်။

စစ်တပ်နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေသမျှ ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးသည်လည်း အရှိန်အဟုန်ဖြင့် ဆက်လက် တည်ရှိနေမည်ဟု NUG နှင့် NUCC တို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ တော်လှန်ရေးက ရပ်တန့်သွားစရာအကြောင်းမရှိဘဲ ဒီအတိုင်းပဲ ဆက်သွားနေမယ်လို့ အထူးသတင်းစကားပေးချင်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် နေပြည်တော် ကွက်ကျန်ခဲ့ပါကလည်း နေပြည်တော်တွင်သာ အတုအယောင်ရွေးကောက်ပွဲကျင်းပမည့်သဘောရှိကြောင်း ဦးနေဘုန်းလတ်က သုံးသပ်သည်။ သို့သော် စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သို့မျှ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဦးနေဘုန်းလတ်က အခိုင်အမာဆိုသည်။

“NUG အနေနဲ့က တော်လှန်ရေးကို ဒီအတိုင်းပဲ ဆက်သွားမယ်။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် အတုအယောင်ရွေးကောက်ပွဲ မလုပ်နိုင်အောင် စိုးမိုးထိန်းချုပ်နယ်မြေတွေ ပိုပြီးတိုးလာအောင် ဆောင်ရွက်တာတွေ၊ ဒီမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေ ဒါတွေလည်း လုပ်မှာပေါ့။ နည်းလမ်းပေါင်းစုံနဲ့ အတုအယောင်ရွေးကောက်ပွဲ မဖြစ်အောင်တင်မကဘူး၊ အခြားသောတော်လှန်ရေးကို အောင်မြင်အောင်လုပ်တဲ့အလုပ်တွေကို ဒီအတိုင်းပဲ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်ကြောင်း NUG နှင့် NUCC က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်အား ဥပဒေမဲ့ အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေသော အဖွဲ့အစည်းသာဖြစ်သဖြင့် ရွေးကောက်ပွဲတစ်ရပ်အား ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်းနှင့် ပြုလုပ်ခဲ့ပါကလည်း ယင်းရွေးကောက်ပွဲသည် မြန်မာစစ်တပ် အာဏာဆက်လက် ရယူနိုင်ရေး အတွက် ဟန်ပြ ပြုလုပ်မည့် တရားဝင်မှုမရှိသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်မည်ဟု ဆက်လက်ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတစ်ခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ချယ်လှယ်ခြင်း၊ အဆုံးအဖြတ်ပေးခြင်းကို လက်ခံမည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို မြန်မာပြည်သူလူထု လိုလားလက်ခံသည့်ပုံစံဖြင့်သာ မြန်မာများကိုယ်တိုင် ကမကထပြု ဆောင်ရွက်သွားရမည်ဟု ဆိုသည်။

တော်လှန်ရေးက ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု ဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူ လူထုကိုယ်တိုင် ရွေးချယ်သည့်နည်းလမ်းများဖြင့် အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG နှင့် NUCC တို့က သဘောထားထုတ်ပြန်သည်။

(NUG ၊ NUCC တို့၏ ပူးပေါင်းလုပ်ငန်းကော်မတီ သဘောထားထုတ်ပြန်ချက်။ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းထံ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၃ပါတီတို့ တွေ့ဆုံစဉ်/ ဓာတ်ပုံ-စကစ)

ဆက်စပ်သတင်းများ

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က နှစ်ဦးသဝဏ်လွှာ ပေးပို့ခဲ့ရာ မကြာသေးမီက ဖွဲကစည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ အမျိုးသားညီညွတ်မှုအားကို အရင်းတည်ပြီး ပန်းတိုင်အရောက်ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ဆောင်နေတဲ့ ဆေးတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တာ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

Facebook