မေ/People’s Spring
သပိတ်ကျင်းမြို့နယ်ထဲမှာ ၆ ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီဇင်ဘာလ၂၁ရက်နေ့ တွင်းငယ်ကျေးရွာအနီး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက၁၃)ကနေပြီး စစ်တပ်က လေကြောင်း၊ဒရုန်း၊မြေပြင်အင်အားအများအပြားနဲ့ တွင်းငယ်ကျေးရွာကိုပိတ်ဆို့ထားတဲ့တော်လှန်
ရေးတပ်တွေဘက်ကို စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့လို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။
“ကျွန်မတို့ တပ်ပေါင်းစုတွေက အောင်အောင်မြင်မြင်တိုက်ထုတ်လိုက်တယ်။သူတ်ို့(စကစ)ဘက်ကတော့ အကျအဆုံးရှိတယ်ပေါ့။အရေအတွက်တော့အတိအကျမသိရဘူးပေါ့”လို့ PLAတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒီဇင်ဘာလ၂၅ရက်နေ့၊မနက်၁၀နာရီလောက်မှာလည်း တွင်းငယ်ကိုပိတ်ဆို့ထားတဲ့ TNLA၊PLAနဲ့တခြားတပ်ပေါင်းစုတွေရှိတဲ့နေရာတွေကို လေယာဥ်နဲ့ ဗုံးတွေကျဲကာ မြေပြင်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။
“လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတို့၊ဒရုန်းတို့တအားသုံးလာတာတွေရှိတယ်။ကျွန်မတို့ရဲဘော်တွေရွပ်ရွပ်ချွံချွံနဲ့ပြန်တိုက်တော့ သူတို့စိတ်ထင်တိုင်းဘာမှလုပ်လို့မရဘူးပေါ့”လို့ သူကဆက်ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။
တွင်းငယ်ကျေးရွာကို စစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက် နိုဝင်ဘာလအတွင်းမှာလေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ စစ်အင်အားအကူတွေပို့ဆောင်ခဲ့ပြီး အင်အားအများ အပြားနဲ့ ထိုးစစ်တွေပြန်စလာတာလို့ PLAတပ်ဆီကသိရပါတယ်။