Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမှာ၆ရက်ဆက်တိုက်ပွဲပြင်းထန်

သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်​နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။

(တွင်းငယ်ရွာကို သိမ်းပိုက်ခဲ့စဥ်က PLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PLA)
(တွင်းငယ်ရွာကို သိမ်းပိုက်ခဲ့စဥ်က PLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PLA)

မေ/People’s Spring

သပိတ်ကျင်းမြို့နယ်ထဲမှာ ၆ ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒီဇင်ဘာလ၂၁ရက်နေ့ တွင်းငယ်ကျေးရွာအနီး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက၁၃)ကနေပြီး စစ်တပ်က လေကြောင်း၊ဒရုန်း၊မြေပြင်အင်အားအများအပြားနဲ့ တွင်းငယ်ကျေးရွာကိုပိတ်ဆို့ထားတဲ့တော်လှန်

ရေးတပ်တွေဘက်ကို စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့လို့တိုက်ပွဲ​တွေဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်မတို့ တပ်ပေါင်းစုတွေက အောင်အောင်မြင်မြင်တိုက်ထုတ်လိုက်တယ်။သူတ်ို့(စကစ)ဘက်ကတော့ အကျအဆုံးရှိတယ်ပေါ့။အရေအတွက်တော့အတိအကျမသိရဘူးပေါ့”လို့ PLAတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒီဇင်ဘာလ၂၅ရက်နေ့၊မနက်၁၀နာရီလောက်မှာလည်း တွင်းငယ်ကိုပိတ်ဆို့ထားတဲ့ TNLA၊PLAနဲ့တခြားတပ်ပေါင်းစုတွေရှိတဲ့နေရာတွေကို လေယာဥ်နဲ့ ဗုံးတွေကျဲကာ မြေပြင်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

“လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတို့၊ဒရုန်းတို့တအားသုံးလာတာတွေရှိတယ်။ကျွန်မတို့ရဲဘော်တွေရွပ်ရွပ်ချွံချွံနဲ့ပြန်တိုက်တော့ သူတို့စိတ်ထင်တိုင်းဘာမှလုပ်လို့မရဘူးပေါ့”လို့ သူကဆက်ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်​နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။

တွင်းငယ်​ကျေးရွာကို စစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက် နိုဝင်ဘာလအတွင်းမှာလေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ စစ်အင်အားအကူတွေပို့ဆောင်ခဲ့ပြီး အင်အားအများ အပြားနဲ့ ထိုးစစ်တွေပြန်စလာတာလို့ PLAတပ်ဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။