Connect with us

Hi, what are you looking for?

သတင်း

AAက ဂွမြို့ကိုအပြီးသတ်သိမ်းပိုက်

ဂွမြို့သည် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ကုန်လမ်းရောရေလမ်းပါဆက်စပ်နေသည်။

AA တပ်ဖွဲ့ဝင်များ
AA တပ်ဖွဲ့ဝင်များ

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဂွမြို့မှ စစ်ကောင်စီတပ်၏နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အမှတ် (၅၆၂) ​ခြေမြန်တပ်ရင်း (ခမရ-၅၆၂)ကို အာရက္ခတပ်‌တော်(AA)က ယ‌နေ့(ဒီဇင်ဘာ ၂၈ ရက်​နေ့)ည‌နေပိုင်း တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သည်။

“၅၆၂ ရပြီ။ ဂွကို AA သိမ်းလိုက်ပါပြီ။ ညနေ ၆နာရီမှာ အပြီးသတ်ရတာပါ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ရှင်းနေတယ်။ အခုက မြို့ကိုထိန်းချုပ်လိုက်ပြီ” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။

ဂွမြို့မှ ခမရ(၅၆၂) နှင့် ခမ(၅၆၃)ကို AAက ဒီဇင်ဘာ လလယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက်အနည်းငယ်အကြာတွင်ခမရ( ၅၆၃)ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဂွ မြို့ဆိုင်းဘုတ်
ဂွ မြို့ဆိုင်းဘုတ်

ဒီဇင်ဘာလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ်အလယ်ရွာနှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ခမရ (၅၆၃) အနီးရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း AA က ဒီဇင်ဘာလ၂၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဂွမြို့ကို မကြာခင်သိမ်းနိုင်တော့မည်ဟု AAက ​ကြေညာခဲ့သည်။

ရန်ကုန် ၊ဧရာဝတီတိုင်းမှ ပို့သမျှ စစ်ကူများကိုလည်း AA ကတိုက်ခိုက်​ချေမှုန်း​​နေပြီး စစ်သားများမှာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဘက်သို့​နေစဥ်ထွက်​ပြေး​နေသည်ဟုသိရသည်။ထွက်​ပြေး​နေ​သောစစ်သားများကို AA ကလိုက်လံတိုက်ခိုက်​နေပြီး စစ်ရှုံးပြီး​နောက် ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးကာစစ်ရာဇဝတ်မှုကျူးလွန်သူများကို AA ကမှတ်သားထားကာ ကျူးလွန်သူများ ၊ညွန့်ကြားသူများကို ပြင်းပြင်းထန်ထန်အ​ရေးယူမည်ဟုလည်း အသိ​ပေးထားသည်။

ဂွမြို့ ​မြေပုံ
ဂွမြို့ ​မြေပုံ

ထိုသို့ ​ကြေညာပြီး တစ်ပါတ်အကြာဒီဇင်ဘာ ၂၈ ရက်​နေ့ ညနေပိုင်း၌ ဂွမြို့အား သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။သို့​သော် AAက တရားဝင်မထုတ်ပြန်သေးပေ။

ဂွမြို့သည် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ကုန်လမ်းရောရေလမ်းပါဆက်စပ်နေသည်။

စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်ညပိုင်းတွင် ငါးသိုင်းချောင်း၊ရေကြည်၊ ရွှေသောင်ယံမြို့နယ်များမှနေ၍ ဂွမြို့နယ်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

AA က ဂွမြို့ကို သိမ်းပိုက်ပြီး​နောက်ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်​တွေ၊​ကျောက်ဖြူ၊မာန်​အောင်မြို့နယ်တို့ကိုသာ AA ကသိမ်းပိုက်ရန် ကျန်ပြီး ​စစ်​တွေမြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွား​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။