Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး ၂ရက်အကြာတွင် သေဆုံး

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

(စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းငွေအား တွေ့ရစဉ်)
(စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းငွေအား တွေ့ရစဉ်)

သတိုး/People’s Spring

မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်တွင် သေဆုံးသွားကြောင်း ‌အဆိုပါမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းကိစ္စအကြောင်းပြ၍ ပြည်သူများအပေါ် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ခံရသည့် စန်းငွေသည် ပစ်ခတ်ခံရပြီး ၂ရက်အကြာတွင် ကျည်ထိမှန်သောဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သေဆုံးချိန် မနက် ၅ နာရီ ၄၅ မိနစ်လို့တော့ လတ်တလောသိထားပါတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၄ ရက် နံနက်က စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ Freeland Attack Force အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ချို့ယွင်းမှူကြောင့် ဝမ်းဗိုက်တစ်ချက်သာ ပစ်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စန်းငွေသည် ယခင်အုပ်ချုပ်ရေးမှူးထွက်ပြေးသွားသောကြောင့် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်‌မှုထမ်းဥပဒေအကြောင်းပြကာ ပြည်သူများအပေါ် ငွေကြေးအဓမ္မကောက်ခံမှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ယင်းပွဲဈေးပြုလုပ်သည့်ရက်တွင် မီးပျက်ချိန် ယခင်ထက် ပိုမိုများပြားလာပြီး ရေပျက်သည့် ဖြစ်ရပ်များလည်း ကြုံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်း

သတိုး/People’s Spring ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေ့ယာပေါ်တွင် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးသွားကြောင်း ယင်းနေရာသို့...