Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး ၂ရက်အကြာတွင် သေဆုံး

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

(စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းငွေအား တွေ့ရစဉ်)
(စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးစန်းငွေအား တွေ့ရစဉ်)

သတိုး/People’s Spring

မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်တွင် သေဆုံးသွားကြောင်း ‌အဆိုပါမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းကိစ္စအကြောင်းပြ၍ ပြည်သူများအပေါ် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ခံရသည့် စန်းငွေသည် ပစ်ခတ်ခံရပြီး ၂ရက်အကြာတွင် ကျည်ထိမှန်သောဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ သေဆုံးချိန် မနက် ၅ နာရီ ၄၅ မိနစ်လို့တော့ လတ်တလောသိထားပါတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၄ ရက် နံနက်က စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ Freeland Attack Force အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ချို့ယွင်းမှူကြောင့် ဝမ်းဗိုက်တစ်ချက်သာ ပစ်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စန်းငွေသည် ယခင်အုပ်ချုပ်ရေးမှူးထွက်ပြေးသွားသောကြောင့် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်‌မှုထမ်းဥပဒေအကြောင်းပြကာ ပြည်သူများအပေါ် ငွေကြေးအဓမ္မကောက်ခံမှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။