Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ မကြာမီအပြီးသတ်သိမ်းနိုင်မည်ဟု ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ ပြော

ချင်းညီနောင်ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်စစ်ဆင်ရေး အခြေအနေများကို အသိပေးရာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များ သိမ်းရထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးအပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ပြောကြားသည်။

(ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များကို မတူပီမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်)
(ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များကို မတူပီမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်)

▪️ဖလမ်းအပါအဝင် ချင်းညီနောင်စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၆၀၀ ခန့်နှင့် လက်နက်မျိုးစုံ တစ်ထောင်ကျော်ရဟု အသိပေး

▪️စစ်ဆင်ရေးအတွင်း CDF ခြောက်ဖွဲ့မှ ရဲဘော် ၁၀၀ ခန့်ကျဆုံး၊ ၄၀၀ခန့် ဒဏ်ရာရ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ကို မကြာမီ အပြီးသတ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ခြောက်ဖွဲ့စုဖွဲ့ထားသော ချင်းညီနောင်၏ စစ်ရေးကော်မတီ ဥက္ကဋ္ဌ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။

ချင်းညီနောင်ဖွဲ့စည်းမှု တစ်နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်စစ်ဆင်ရေး အခြေအနေများကို အသိပေးရာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များ သိမ်းရထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးအပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ပြောကြားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ရက်တွင် စတင်ခဲ့ရာ ၁၂ရက်တွင် ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းများကို သိမ်းပိုက်ပြီးမြို့ကို အလုံးစုံထိန်းချုပ်ထားဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။ ဒီဇင်ဘာ ၁၆ရက်တွင် စစ်ကောင်စီက လေကြောင်းမှ အင်အား ၁၀၀ခန့် စစ်ကူလာပို့ရာ အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ လက်ရှိမှာတော့ ကျန်ရှိနေသေးတဲ့ ခလရ(၂၆၈)တပ်ရင်းဌာနချုပ် ကို ကျနော်တို့ သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ အနေအထားရှိပါတယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

ဖလမ်းမြို့ ရရှိရေး အပြင်းအထန်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းလည်း ထပ်လောင်းပြောသည်။

“မကြာခင်မှာတော့ ကျနော်တို့လက်ထဲမှာ ဖလမ်းမြို့ကို ရရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

တိုက်ပွဲတလျှောက် ပံ့ပိုးကူညီတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်များကို ဂုဏ်ပြုလေးစားကြောင်း ဖော်ပြလိုသည်ဟု အသိပေးသည်။ချင်းညီနောင် စစ်ဆင်ရေးအတွင်း လက်နက်ကြီး လက်နက်ငယ် ၁ထောင်ဝန်းကျင်၊ စစ်သုံ့ပန်း ၆၀၀ခန့် ဖမ်းဆီးရရှိထားဟု အသိပေးသည်။

နိုင်ငံရေးအကျဉ်းသား ၃၀ခန့်ကို ကယ်ထုတ်ပေါ်နိုင်ခဲ့သည်ဟု ဆိုသည်။

“မဟာမိတ်တပ်ဖွဲ့တွေရဲ့ အသက်တွေလည်းအများကြီးပေးဆပ်ခဲ့ရလသို ချင်းညီနောင်အဖွဲ့ ၆ဖွဲ့ရဲ့ ရဲဘော် ၁၀၀ ဝန်းကျင်လောက်ကျဆုံးပြီး ရဲဘော် ၄၀၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းရှိပါတယ်။ဒါက ချင်းညီနောင် စစ်ဆင်ရေးသပ်သပ်မှာပြောတာဖြစ်ပါတယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

ကျဆုံးသွားသည့် သူရဲကောင်းများ သွေးများဖြင့်ရေးထားသည့် တော်လှန်ရေးဖြစ်ကြောင်း၊ အသက်ပေး၊ ခန္ဓာပေးသွားသည့် သူရဲကောင်းများကြောင့် အောင်မြင်နေသည့် စစ်ဆင်ရေးဖြစ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA)၊ ယောကာကွယ်ရေးတပ်(YDF)၊ ယောတပ်တော်(YA)၊ မုံရွာခရိုင်တပ်ရင်း(၃)နှင့် အခြား တော်လှန်ရေးတပ်များက ပါဝင်ကူညီခဲ့ပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲ၌လည်း မဟာမိတ်များစွာ ပါဝင်အားဖြည့်ထားရာ မြို့သိမ်းတိုက်ပွဲအပြီး တရားဝင်ထုတ်ပြန်အသိပေးမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။