Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ကြိုးစားဆဲဟု CNDF ပြော

ချင်းညီနောင် တာဝန်ရှိသူတစ်ဦးကလည်း ဖလမ်းရပြီဆိုသည့် သတင်းမှာ မဟုတ်ဟု ဒီဇင်ဘာ ၂၅ရက် နေ့လည်တွင် ပြောသည်။

(ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ပြောင်းရွှေ့နေကြသော ဖလမ်းမြို့ခံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ပြောင်းရွှေ့နေကြသော ဖလမ်းမြို့ခံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ချင်းပြည်နယ် ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ယနေ့ (ဒီဇင်ဘာ ၂၅ရက်) ညပိုင်းတွင် ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအရ မင်းတပ်မြို့သိမ်းတိုက်ပွဲနှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်နေသည့် ဖလမ်းမြို့တိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များက စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လက်ရှိတွင် ခလရ(၂၆၈)တပ်ရင်းကုန်း တစ်ခုသာကျန်တော့သည်ဟု ဆိုသည်။

ယနေ့တွင် ဖလမ်းမြို့သိမ်းရပြီဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဆလိုင်းတီမီက “မသိမ်းရသေးပါဘူး။ ကြိုးစားဆဲပါ။ သိမ်းရင် CB အနေဖြင့် တရားဝင် ကြေညာပေးပါမယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းညီနောင် တာဝန်ရှိသူတစ်ဦးကလည်း ဖလမ်းရပြီဆိုသည့် သတင်းမှာ မဟုတ်ဟု ဒီဇင်ဘာ ၂၅ရက် နေ့လည်တွင် ပြောသည်။

“နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲပါ” ဟု ချင်းညီနောင် တာဝန်ရှိသူက ပြောသည်။

ချင်းညီနောင် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များမနက်မှ ရဲ ၄၅ဦးကို ဖမ်းဆီးရရှိထားသည်ဟု အသိပေးထားသည်။

ဖလမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ချင်းညီနောင်တာဝန်ရှိသူများက မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။