Connect with us

Hi, what are you looking for?

သတင်း

၂၀၂၄အတွင်း စစ်ကောင်စီအဖွဲ့သတ်ဖြတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၉ဦး ကျဆုံး

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

(စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

၂၀၂၄အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၉ ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

၂၀၂၄တွင် အကျဉ်းထောင်များအတွင်း ဖမ်းဆီးခံထားရပြီးနောက် ထောင်တွင်း၌လည်းကောင်း၊ အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်၍ လည်းကောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသား(၈)ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း (၉)ဦးသည် ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးသည်။

“စစ်တပ်က သတ်တဲ့သူတွေပါတယ်။ ထောင်ကနေခေါ်ထုတ်တာဆိုရင် စစ်တပ်နဲ့ရဲတွေ ပါတယ်။ ထောင်ထဲမှာသတ်တာဆိုရင် အကျဉ်းဦးစီးဝန်ထမ်းတွေပဲသတ်တယ် ပြောရမှာပါ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါသတ်ဖြတ်ခြင်းခံခဲ့ရသူများတွင် မနိုလ်ဘယ်အေးနှင့် ကိုလေးခွင်းတို့လည်း ဖမ်းဆီးခံရပြီးနောက် အမှုရင်ဆိုင်နေစဉ် ဝေါမြို့နယ်တရားရုံးမှအပြန် စစ်တပ်နှင့်ရဲက ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ ထားဝယ်အကျဉ်းထောင်မှ ကိုဝင်းသီဟနှင့် ကိုမင်းသူ(ခ)မော်လဝီရှက်မင်း၊ မုံရွာအကျဉ်းထောင်မှ ကိုအောင်ကျော်ဇင်တို့အား စစ်တပ်နှင့်ရဲများက အကျဉ်းထောင်မှခေါ်ထုတ်၍ သတ်ဖြတ်ခဲ့ကြောင်း PPNMက အသိပေးသည်။

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

အလားတူ မြစ်ကြီးနားအကျဉ်းထောင်မှ ကိုအောင်နိုင်ထွန်းနှင့် ကိုကျော်စိုးဝင်းတို့သည်လည်း အကျဉ်းထောင်အတွင်း ဝန်ထမ်းများ၏ သေနတ်ပစ်ခတ်ဖြိုခွဲခြင်းကြောင့် ဦးခေါင်းထိမှန် ကျဆုံးခဲ့ရကြောင်း PPNMက ထပ်မံအသိပေးသည်။

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်တွင်လည်း ထက်ရန်နိုင်(ခ)ထက်ထက်ဆိုသူ နိုင်ငံရေးအကျဉ်းသားအား အကျဉ်းဦးစီးဝန်ထမ်းများနှင့် အခြားရာဇဝတ်အကျဉ်းသားများက ဝိုင်းရိုက်ရာမှ ကျဆုံးခဲ့ကြောင်း PPNMက ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၄အတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ လုံလောက်သည့် ဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးထိ အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။