Connect with us

Hi, what are you looking for?

သတင်း

မန်းရွှေစက်တော်ဘုရားအနီးတိုက်ပွဲဖြစ်နေသော်လည်း စစ်ကောင်စီက ဘုရားပွဲတော်ကျင်းပရန် စီစဉ်နေ

အဆိုပါစစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးတွင် ပေါ်တာဆွဲခြင်း၊ ပြည်သူလူထုထံမှ ပစ္စည်းများလုယက်ခြင်းများပြုလုပ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

(မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

◾️စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ မန်းရွှေစက်တော်ဘုရားအနီး ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးနေရ

တာရာ/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကော်စီက အဆိုပါဘုရားပွဲတော်ကျင်းပရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။

မန်းရွှေစက်တော်ရာဘုရားအနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီးစစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေသည်ဟု ဒေသခံများကပြောသည်။

ပဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ အိုင်းမနှင့် လက်ပတောကျေးရွာတို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းအန္တရာယ်ကြောင့် ဒေသခံ တစ်ထောင်ခန့်မှာ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က PDFတွေရောက်နေတယ်ဆိုပြီး ဒီရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်တာပေါ့။ ရွှေစက်တော်ဘုရားပွဲအတွက် တင်ဒါခေါ်ကာလမှာ အချိန်ကိုက်လုပ်တာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

မင်းဘူးနယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက မန်းရွှေစက်တော်ရာဘုရားပွဲကို ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး ဘုရားပွဲတော်အတွင်း ဈေးဆိုင်များနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ တင်ဒါလျှောက်လွှာများကို ဒီဇင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိရောင်းချမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ပွဲတော်ကျင်းပရန်အတွက် စစ်ကောင်စီက ကိုင်းမကြီးရွာအနီး ရွှေစက်တော်ဘုရားအဝင်မုခ်ဝ၊ ဘုရားရွာနှင့် ပဒေါင်းရွာတို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးတွင် ပေါ်တာဆွဲခြင်း၊ ပြည်သူလူထုထံမှ ပစ္စည်းများလုယက်ခြင်းများပြုလုပ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ဘုရားပွဲလာတဲ့ လူငယ်တွေကို ပေါ်တာဆွဲနိုင်တာရယ်။ လက်ရှိ စစ်ရေးအနေအထားရယ်ကြောင့် ရွှေစက်တော်ဘုရားပွဲကို ဒီနှစ်တော့လူငယ်တွေ မလာစေချင်ဘူး”ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်တို့ကြား ရွှေစက်တော်ရာဘုရားအဝင် (၃)မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။