Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

(တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်။ဓာတ်ပုံ - File Photo)
(တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်။ဓာတ်ပုံ - File Photo)

◾️စစ်ကောင်စီတပ်သား နှစ်ဦးသေဟု KRF ပြော

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီကျော်က ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး၊ အင်္ဂဘိုကျေးရွာအနီး လက်ပံပင်သုဿန်၌ အထိုင်ချထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF တပ်ရင်း (၇၈၀၅)နှင့် KRFတို့ပူးပေါင်းပြီး ဒရုန်းစစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု KRF မှ တာဝန်ရှိသူက ပြောသည်။

“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်ပံပင်သုဿန်ရှိ ဂိတ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်အထိုင်ချထားပြီး စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချိန် စစ်ကောင်စီတပ်သား ရှစ်ဦးခန့်ရှိကာ ဗုံးကြဲခံရမှုကြောင့် နှစ်ဦးသေဆုံး၍ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရသွားကြောင်း KRFမှ တာဝန်ရှိက ဆက်ပြော သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလ္လင်လမ်းဆုံးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို KRF နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သုံးဦးသေဆုံး၍ ငါးဦးဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။