Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

(တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်။ဓာတ်ပုံ - File Photo)
(တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေစဥ်။ဓာတ်ပုံ - File Photo)

◾️စစ်ကောင်စီတပ်သား နှစ်ဦးသေဟု KRF ပြော

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီကျော်က ရန်ကုန် – မော်လမြိုင်ကားလမ်းဘေး၊ အင်္ဂဘိုကျေးရွာအနီး လက်ပံပင်သုဿန်၌ အထိုင်ချထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF တပ်ရင်း (၇၈၀၅)နှင့် KRFတို့ပူးပေါင်းပြီး ဒရုန်းစစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု KRF မှ တာဝန်ရှိသူက ပြောသည်။

“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်ပံပင်သုဿန်ရှိ ဂိတ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်အထိုင်ချထားပြီး စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချိန် စစ်ကောင်စီတပ်သား ရှစ်ဦးခန့်ရှိကာ ဗုံးကြဲခံရမှုကြောင့် နှစ်ဦးသေဆုံး၍ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရသွားကြောင်း KRFမှ တာဝန်ရှိက ဆက်ပြော သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလ္လင်လမ်းဆုံးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို KRF နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သုံးဦးသေဆုံး၍ ငါးဦးဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။