Connect with us

Hi, what are you looking for?

သတင်း

မုပ္ပလင်လမ်းဆုံ စစ်​ကောင်စီစစ်​ဆေး​ရေးဂိတ်ကို KRF ဒရုန်းဖြင့်တိုက်ခိုက်

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(ကျိုက်ထိုမြို့နယ်၊မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်​ခေါင်မိုး ဒရုန်းထိမှန်၍ မီးခိုးများထွက်​နေစဥ်။ ဓါတ်ပုံ-KRF)
(ကျိုက်ထိုမြို့နယ်၊မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်​ခေါင်မိုး ဒရုန်းထိမှန်၍ မီးခိုးများထွက်​နေစဥ်။ ဓါတ်ပုံ-KRF)

ရဲခေါင်/People’s Spring

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ယနေ့ ထုတ်ပြန်သည်။

မုပ္ပလင်ဂိတ်စခန်း၌ စစ်ကောင်စီသည် ဘန်ကာများ အခိုင်အမာ တည်ဆောက်နေပြီး အင်အားများလည်း ထပ်မံတိုးချဲ့ကာ ခရီးသွားပြည်သူများကို အတင်း အကြပ်စစ်ဆေးမှုများပြုလုပ်နေ​သောကြောင့် ဧပြီ ၄ ရက်နေ့ ၊ နေ့လည် ၂ နာရီ ၂၅ မိနစ် ခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

တိုက်ခိုက်မှုကို KNU/KNLA၊ ကျိုက်ထို ပကဖ နှင့် KRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂိတ်ခေါင်မိုးပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိ​ပေးထားသည်။KRF မှ ထုတ်ပြန်​သော ရုပ်သံမှတ်တမ်းတွင်လည်း ဂိတ်​ခေါင်မိုး​ပေါ်သို့ ကျ​ရောက်​​ပေါက်ကွဲသည်ကို ​တွေ့ရသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေကိုမူ မသိရ​သေး​ပေ။

“ထိခိုက်မှုအခြေအနေမှာ သူတို့ဘက်က သတင်းစုံစမ်းလို့ မရအောင် အုပ်ထားတယ်ဗျ”ဟု KRF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း KRF က ပြောသည်။

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မကြာသေးမီရက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းစစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကောင် အထည်ဖော်ပြီး လူငယ်များစာရင်းကို လိုက်လံကောက်ယူသူလေးဦးခန့်ကို KRF က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။