Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်ရောက် စစ်တပ်စစ်ကြောင်းက ပြည်သူတဦးကို ထပ်မံသတ်ဖြတ်

ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီပစ်ခတ်သွားသည့် လူငယ်တဦး၏ရုပ်အလောင်းကို ဘုတလင်မြို့၊ ခုံမင်းကြီးရပ်တွင် တွေ့ရှိခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

(စစ်တပ်စစ်​ကြောင်းက ပစ်သတ်ခဲ့​သော လူငယ်အနီးမှ​တွေ့ရ​သော ကျည်ဆံအခွံ တစ်ခု။ ဓါတ်ပုံ-CJ)
(စစ်တပ်စစ်​ကြောင်းက ပစ်သတ်ခဲ့​သော လူငယ်အနီးမှ​တွေ့ရ​သော ကျည်ဆံအခွံ တစ်ခု။ ဓါတ်ပုံ-CJ)

■ကူ​တော်ရဲစခန်းမှ စစ်​​ကောင်စီတပ်သားများစခန်းကိုစွန့်ခွာထွက်​ပြေးဟုကနဦးသတင်းရရှိ

အိမ်သွင်/People’s Spring

ဘုတလင်မြို့နယ်တွင် တကျော့ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကဖမ်းဆီးထားသည့် အသက်၂၀ကျော်အရပ်သားလူငယ်တဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့်စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်း ဒီဇင်ဘာလ၁၉ရက်မှစ၍ လှည့်လည်၍စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် ဒေသခံ၁၀၀ ကျော်ကိုလည်းဖမ်းဆီးထားသည်။

ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီပစ်ခတ်သွားသည့် လူငယ်တဦး၏ရုပ်အလောင်းကို ဘုတလင်မြို့၊ ခုံမင်းကြီးရပ်တွင် တွေ့ရှိခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ထွက်ပြေးလို့ ပစ်သတ်သွားတာလို့ယူဆတယ်။ ခေါင်းကိုပစ်ထားတာ ကျည်ဆံတွေပါတွေ့တယ်” ဟု ဒေသခံတဦးကပြောသည်။

သေဆုံးသူသည် အသက် ၂၂ ခန့် အမျိုးသားတစ်ဦးဖြစ်သည်။ ၎င်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်ကိုမသိရသေးပေ။

စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၁ ရက်ညနေပိုင်းတွင် ဘုတလင်မြို့ပေါ်နှင့် ကူတော်ရဲစခန်းဝန်းကျင်၌ ရှိနေသည်။

ဇန်နဝါရီ ၁ ရက်ညတွင် ထပ်မံရရှိ​သောသတင်းအရ ​​တော်လှန်​ရေးတပ်များကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့​သော ကူ​တော်ရဲစခန်းမှ စစ်သားနှင့်ရဲများသည် စခန်းကို စွန့်ခွာထွက်​ပြေးသွားပြီဖြစ်​ကြောင်း မုံရွာခရိုင် အမှတ် (၂၀)တပ်ရင်း (BOB)က ထုတ်ပြန်အသိ​ပေးထားသည် ။အ​သေးစိပ်အချက်အလက်များကို People’s Spring စုံစမ်း​နေဆဲဖြစ်ပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်ခံရ​သော ကူတော်ရဲစခန်းသို့ စစ်ကူသွားပြီး​နောက် ပြန်လာသည့် အင်အား ၈၅ဦးပါ စစ်​​​ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးပျက်စီးသွားပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့သည်။ စစ်ကြောင်းထိုးစဉ် ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ပြီး ဒေသခံများ၏ နေအိမ် ၇၀၀ထက်မနည်းကို မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့သည်။

ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၁၄ရက်တွင် မုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ဒီဇင်ဘာလ၁၉ရက်တွင် တကျော့ပြန်ရောက်ရှိလာခြင်းဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။