Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်တပ်က တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ် မီးရှို့ခဲ့သော ဆိုင်ကယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပတ္တမြား)
(စစ်ကောင်စီတပ် မီးရှို့ခဲ့သော ဆိုင်ကယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပတ္တမြား)

ဇေအောင်/People’s Spring

ဘုတလင်မြို့နယ်အတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၈ ရက်က ကူတော်ရွာသို့ထွက်ခွာလာစဥ် ကင်းစမ်းကျေးရွာအနောက်ဘက်တွင် တော်လှန်ရေးရဲဘော်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကျေးရဲဘော်တစ်ဦးပါ။ နာမည်က ရှမ်းပုတ်တဲ့။ အသက်ကတော့ ၂၀ ပါ။”ဟု အဆိုပါဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းအား တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်၏ ရုပ်အလောင်းအား မီးလောင်ကျွမ်းလျက်တွေ့ရှိရပြီး မီးရှို့သတ်ဖြတ်ခြင်းဟုတ်၊မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်ကတည်းက မုံရွာ-ဘုတလင်လမ်းတ​လျှောက် ကျေးရွာများအား စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးနေ၍ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) နေ့လယ်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် ဖမ်းဆီးထား​သော ဓားစာခံပြည်သူများအားခေါ်ဆောင်ကာ ဘုတလင်မြို့ဘက်သို့ ဦးတည်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်းက ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူ ၂၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထို့အပြင် စီပါရွာတွင်မူ ရုပ်အလောင်းများအား တစ်စစီခုတ်ထစ်ဖြတ်တောက်၍ ခြံစည်းရိုးဝင်းပေါ်တွင် တင်သွားခဲ့ဖူးသည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ အင်တိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အသက် (၈)နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။