Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် စစ်တပ်က တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ် မီးရှို့ခဲ့သော ဆိုင်ကယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပတ္တမြား)
(စစ်ကောင်စီတပ် မီးရှို့ခဲ့သော ဆိုင်ကယ်များအား တွေ့ရစဥ်။ဓာတ်ပုံ - ပတ္တမြား)

ဇေအောင်/People’s Spring

ဘုတလင်မြို့နယ်အတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၈ ရက်က ကူတော်ရွာသို့ထွက်ခွာလာစဥ် ကင်းစမ်းကျေးရွာအနောက်ဘက်တွင် တော်လှန်ရေးရဲဘော်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကျေးရဲဘော်တစ်ဦးပါ။ နာမည်က ရှမ်းပုတ်တဲ့။ အသက်ကတော့ ၂၀ ပါ။”ဟု အဆိုပါဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းအား တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်၏ ရုပ်အလောင်းအား မီးလောင်ကျွမ်းလျက်တွေ့ရှိရပြီး မီးရှို့သတ်ဖြတ်ခြင်းဟုတ်၊မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်ကတည်းက မုံရွာ-ဘုတလင်လမ်းတ​လျှောက် ကျေးရွာများအား စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးနေ၍ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) နေ့လယ်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် ဖမ်းဆီးထား​သော ဓားစာခံပြည်သူများအားခေါ်ဆောင်ကာ ဘုတလင်မြို့ဘက်သို့ ဦးတည်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်းက ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူ ၂၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထို့အပြင် စီပါရွာတွင်မူ ရုပ်အလောင်းများအား တစ်စစီခုတ်ထစ်ဖြတ်တောက်၍ ခြံစည်းရိုးဝင်းပေါ်တွင် တင်သွားခဲ့ဖူးသည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ အင်တိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အသက် (၈)နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

စက်တင်ဘာ ၃၁ရက်က ကူတော်ရဲကင်းစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့သည်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။