Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ခန့်အရှည်ရှိ ဝေလငါးတစ်ကောင် သောင်တင်သေဆုံးနေ

မောင်တောမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့်ထ်ိစပ်နေသည့် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။

(မောင်တောမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ခန့်အရှည်ရှိ ဝေလငါးတစ်ကောင် သောင်တင်သေဆုံးနေသည်ကို ဒေသခံများက ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - File)
(မောင်တောမြို့ ပင်လယ်ကမ်းခြေတွင် ပေ ၃၀ခန့်အရှည်ရှိ ဝေလငါးတစ်ကောင် သောင်တင်သေဆုံးနေသည်ကို ဒေသခံများက ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - File)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ပင်လယ်ကမ်းခြေတ‌နေရာတွင် ပေ ၃၀ခန့်အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးတစ်ကောင် သောင်တင်ပြီးသေဆုံးနေကြောင်း ဒေသခံများက ပြောသည်။

သေဆုံးပြီး ပုပ်ပွနေသည့်ဝေလငါးကို ဒေသခံများက ဇန်နဝါရီ ၁ရက် နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ သေတာကြာပြီ။ ပုတ်ပွနေတာကို တွေ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဝေလငါးများသည် သေဆုံးပြီးရက်အနည်းငယ်ကြာတွင် ပုပ်ပွကာ ကိုယ်ခန္ဓာပေါက်ကွဲထွက်လေ့ရှိသည်။ ယခုတွေ့ရှိသည့်ဝေလငါးသည် ပေါက်ကွဲခြင်းမရှိသေးဘဲ တစ်ကောင်လုံး ပုပ်ပွဖောင်းပွနေသည်။

မောင်တောမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့်ထ်ိစပ်နေသည့် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌ ပေ ၄၀ခန့် အရှည်ရှိ ဝေလငါးတစ်ကောင် သောင်တင်ပြီး သေဆုံးခဲ့ဖူးသည်။နိုဝင်ဘာ ၁၅ရက်ကလည်း ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာကမ်းခြေတွင် ၁၇ပေခန့်အရှည် ဝေလငါးတစ်ကောင် သောင်တင်သေဆုံးခဲ့ဖူးသည်။

ကမ္ဘာ့အကြီးဆုံးငါးမျိုးစိတ်၌ ပါဝင်သည့် ဝေလငါးသည် ပေ ၆၀ခန့်အထိ အရှည်ရှိပြီး အန္တရာယ်မရှိသည့် ငါးမျိုးစိတ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် International Union for Conservation of Natureက ဝေလငါး အရေအတွက်သည် လွန်ခဲ့သော ၇၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ပြီးကမ္ဘာတစ်ဝှမ်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်၌ စာရင်းသွင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မောင်တောအခြေစိုက် Border News Agency(BNA) သတင်းဌာနရဲ့ အမျိုးသမီးသတင်း ထောက်မုဒြာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လ ပထမပတ်မှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဇွန် ၁ရက်​နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်သတင်းရင်းမြစ်တဦးဖြစ်စော စောဆဲနေစေးက ပြောကြားသည်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

Facebook