Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် အား ARSAအဖွဲ့ တိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများဟု AA ထုတ်ပြန်

အရပ်ဘက် ပြည်သူလူထုများအား တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်သည်။

မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် အား ARSAအဖွဲ့ တိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများဟု AA ထုတ်ပြန်
မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် အား ARSAအဖွဲ့ တိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများဟု AA ထုတ်ပြန်

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းနှင့်တောင်ပြိုကျေးရွာကြားတွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်၍ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

စေတနာ့ဝန်ထမ်းအမျိုးသမီး၊ စျေးဝယ် အမျိုးသမီး စုစုပေါင်း ၁၆ဦး လိုက်ပါလာသော ယာဉ်ကို ဒီဇင်ဘာ ၂၄ရက် ညနေ ၄နာရီ ၄၀မိနစ် တွင် ARSA တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု AAက ယနေ့ (ဒီဇင်ဘာလ ၂၆ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

တိုက်ခိုက်သည့် ARSA တပ်ဖွဲ့တွင် ၂၅ဦးခန့် ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် အား ARSAအဖွဲ့ တိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများဟု AA ထုတ်ပြန်
မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် အား ARSAအဖွဲ့ တိုက်ခိုက်၊ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများဟု AA ထုတ်ပြန်

အဆိုပါတိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသောသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

ထို့အပြင် အရပ်ဘက် ပြည်သူလူထုများအား တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်သည်။

မောင်တောမြို့ကို ဒီဇင်ဘာ ၈ရက်တွင် AAက အပြီးသတ်တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲတွင် ARSA အပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

ထို့အပြင် မောင်တောမြို့ကို သိမ်းယူထားသည့် AAကို တိုက်ခိုက်မည်ဟု ARSAအဖွဲ့က ကြွေးကျော်သည့် ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်၌ ထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ကို အာဏာသိမ်းစစ်တပ်က ဒီက​နေ့ညမှာဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။