Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးဒေသ မူသယ်စခန်းသိမ်းတိုက်ပွဲ လက်နက်နှင့် ကျည်ခဲယမ်းများ KNLA သိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စစ်ကောင်စီစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းရခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

ကျောက်ကြီးဒေသ မူသယ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်နှင့် ကျည်ခဲယမ်းများ။ ဓာတ်ပုံ - File

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စစ်ကောင်စီစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းရခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

မူသယ်ရှိ စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၃ရက်တွင် သိမ်းရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ တပ်မဟာ (၃)က ရထားတဲ့ ပစ္စည်း(လက်နက်များနှင့် ခဲယမ်း၊ ကျည်များ) ၊ ၈၁ မမပါတယ်။ RPG အသီးတွေရော”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်စခန်းကို နှစ်ကြိမ်တိုင် ရှင်းလင်းသိမ်းပိုက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ တစ်ခါ ပြန်ဝင်လာတယ်။ ၃ရက်နေ့ မိုးလင်းလင်း၊ မလင်းလင်း အချိန်ပေါ့။ ပြီးရင် ကျနော်တို့ ပြန်ပစ်လိုက်တယ် ထွက်ကုန်ပြီ။ ဒီတခါတော့ PDF မပါဘူးတဲ့။ KNLA/KNDO တပ်ရင်း(၃)က”ဟု မူသယ် စစ်ကောင်စီတပ်စခန်းသိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းရင်းမြစ်က ပြောသည်။

မူသယ်စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ဘက်က ရဲဘော်အချို့ ကျဆုံးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုနှင့် အရှင်ဖမ်းဆီးရရှိမှု ရှိ၊မရှိ အခြေအနေကို မသိရသေးပေ။

စစ်ကောင်စီဘက်ကလည်း ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများကို ယခုလဆန်းအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၃ရက်တွင် ကျောက်ကြီး ကွမ်းချောင်း၀ အခြေစိုက် စစ်ကောင်ဏီတပ်က ၁၂၂ လက်နက်ကြီး ပစ်ခတ်ခဲ့၍ အင်တိုင်းကုန်းရွာခံ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။ ဇန်နဝါရီ ၂ရက်ကလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ် ၁၅နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး မြို့အနီး စစ်ကောင်စီ ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရှင်းလင်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်ကို မသိရသေးဟု ပြောသည်။

သတင်း

KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင်လည်း စစ်ကောင်စီက ဒေသတွင်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေလဲဗမာ ရွာသို့ လာရောက်ခိုလှုံနေသည့် ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။