Connect with us

Hi, what are you looking for?

သတင်း

ကောလင်းသယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှု NUG စုံစမ်းဖော်ထုတ်နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

ဦးအရိန္ဒမာသည် ဇန်နဝါရီ ၂ရက် မွန်းလွဲ ၂နာရီခန့်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာမှ (၂)ဖာလုံခန့်အကွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့် ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းယန္တရားများတွင် တာဝန်ထမ်းဆောင်နေသူများကို ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အဖွဲ့အစည်းများအား တွန်းအားပေး ဆောင်ရွက်သွားမည်ဟု MONRECက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ဒီနေ့ ဒီကိစ္စကို တနေကုန် ‌‌ဆွေးနွေးခဲ့ကြတယ်။ တော်တော်လေးကို အလေးထားဆွေးနွေးခဲ့ကြတာပါ။ ထပ်မဖြစ်ဖို့ လိုတယ်။ အရေးယူနိူင်ဖို့လိုတယ်”ဟု MONRECအပါအဝင် အညာတော်လှန်ရေးအင်အားစုများဆွေးနွေးခဲ့ကြသည့် အစီအစဉ်၌ ပါဝင်သူတစ်ဦးက ပြောသည်။

NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေဒေသများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားနိုင်ရေးကိုပါ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု MONRECက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဦးအရိန္ဒာမာသည် CDM အရာရှိဖြစ်ပြီး လူထုတော်လှန်ရေးတွင်ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။တရားလက်လွတ်သတ်ဖြတ်ခံရမှုသည် နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးအား ဆုံးရှုံးရသည့်အပြင် တော်လှန်ရေး၏ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကိုပါ ထိခိုက်စေသည့်လုပ်ရပ်ဖြစ်သည်ဟု MONRECက ဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ကနီမြို့တွင် ၂၀၂၄ နိုဝင်ဘာ ၄ ရက်ကလည်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့် သုံးလသမီးပါ မိသားစုသည် နေအိမ်အတွင်း၌ သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါအမှုလည်း တရားခံဖမ်းမမိသေးဘဲ တော်လှန်ရေးအင်အားစုများက NUG အစိုးရကို ဝေဖန်နေကြသည်။

” NUGအစိုးရအနေနဲ့ သေချာလေး စုံစမ်းဖော်ထုတ်ပေးဖို့လိုတယ်။ ထိန်းချပ်ဒေသမှာ ဖြစ်တာလေ။ နောက်လူတွေ မလုံခြုံမှု မခံစားရအောင် NUGအစိုးရ၊ ပအဖတွေ၊ ပကဖတွေ တာဝန်ယူရမယ်”ဟု ကနီမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

တော်လှန်ရေး၏ စံနှုန်း၊ မူလရည်ရွယ်ချက်များနှင့် သွေဖည်နေသည့် ဖြစ်စဉ်များ တော်လှန်ရေးအဖွဲ့အစည်းများ၏ စိုးမိုးထိန်းချုပ်နယ်မြေဒေသများအတွင်း ထပ်မံ ဖြစ်ပွားမှုမရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အနေဖြင့် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု MONRECက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။