Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ပြည်သူ့စစ် ၃ဦး CDF-ဟားခါးထံ လက်နက်နှင့် အလင်းဝင်လာ

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ် ၃ဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟားခါး CDF)

“ဟားခါးမြို့ပေါ်မှာရှိတဲ့ ပြည်သူ့စစ်ပေါ့ ပြည်သူ့စစ်ခေါ် ပျူစောထီး သုံးဦး ပေါ့။ အဲဒါ တာဝန်မထမ်းဆောင်ချင်တော့လို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်တယ်လို့ အဲဒီ CDF ဟားခါး ထံကနေ သတင်းရရှိတယ်။ သူတို့ သုံးယောက်စလုံး တခါတည်းမလာဘဲနဲ့ ဇန်နဝါရီလ ၃ရက်မှာ တစ်ယောက်၊ ဇန်နဝါရီလ ၆ရက်မှာ တစ်ယောက်ပြီးရင် ဇန်နဝါရီ လ ၇ရက်မှာ တစ်ယောက် အဲဒီလိုမျိုးနဲ့ အလင်းဝင်လာတာဖြစ်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟားခါး CDF)

လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို CDF-ဟားခါးက ဆုငွေပေးအပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယခင် ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီတပ်သားများ CDF ဟားခါးထံ လက်နက်နှင့်အလင်းဝင်ရောက်မှုများ မကြာခဏ ရှိခဲ့သည်။

CDF ဟာခါးသည် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်းပြီး ဟားခါးမြို့အနီး ဟားခါး-ထန်တလန် ကြားရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ရာ ၂၀၂၄ နှစ်ကုန်ပိုင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့ပြီး အရာရှိများအပါအဝင် စစ်သုံပမ်းများ ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။